Friday, March 28, 2014

လက်တွေ့စည်းရုံးရေးသင်တန်း ရေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြီးမှူး ဖွင့်လှစ်


မွန်ပြည်နယ် ရေမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် လက်တွေ့စည်းရုံးရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယခုလ၂၃ရက် နံနက် ၉ နာရီတွင် ရေးမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီဝင်ပြည်နယ်ပါတီဗဟို အတွင်းရေးမှူး ဦးသန့်ဇင်က သင်တန်းဖွင့် မိန့်ခွန်း      မြွက်ကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီ စည်းရုံးရေးမှူးများနှင့်သင်တန်းသား ၅၂ဦးအပါအ၀င် စုစုပေါင်း အင်အား ၁၀၀ခန့် တက်ရောက်ခဲ့သည်။
အဆိုပါ လက်တွေ့စည်းရုံးရေးသင်တန်းကို ငါးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင်ဟောပြောပို့ချမှု စွမ်းရည်နှင့် အတွေ့အကြုံရှိသော ပြည်နယ်အစိုးရ အဖွဲ့ဝင်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်၊ ခရိုင်၊မြို့နယ်ပါတီကော်မတီဝင်များက အလှည့်ကျသင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။


"ဒီသင်တန်းတွေကို ကျွန်တော်တို့ပြည်နယ်မှာရှိတဲ့ မြို့နယ်တိုင်းမှာ ၂၀၁၂ခုနှစ်ကနေစပြီး ဖွင့်လှစ်ပေးနေတာ ယခုအကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက် ရှိနေပါပြီ။ ယခုနှစ်မကုန်ခင်အထိ ငါးကြိမ်ဖွင့်လှစ် ပို့ချသွားဖို့ စီစဉ်ထားပါတယ်။ အဓိကရည်ရွယ်တာကတော့ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်တိုင်း လူထုအကြား စည်းရုံးရေးဆောင်ရွက်တဲ့နေရာမှာ သိသင့်သိထိုက်တဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေကို သိရှိမှတ်သားနိုင်အောင် လေ့ကျင့်ပေးတဲ့သဘောအပြင် ပါတီရဲ့မူဝါဒတွေကို သူတို့တွေရဲ့ ရင်ထဲမှာစွဲမြဲစွာ ကိန်းအောင်းစေပြီးစည်းရုံးရေး ဆောင်ရွက်တဲ့အခါတိုင်းပါတီရဲ့ မူဝါဒတွေနဲ့ မသွေဖည်သွားစေဖို့ လေ့ကျင့်ပေးတဲ့သဘောပါ။ ရပ်ကွက်/ကျေးရွာတစ်ခုမှာ ကော်မတီဝင်ငါးဦးနဲ့ ဖွဲ့စည်းထားတာမို့ ရပ်/ကျေးကော်မတီဝင်တွေအားလုံး တက်ရောက်နိုင်အောင်သင်တန်းကို အနည်းဆုံးငါးကြိမ်ဖွင့်လှစ် လေ့ကျင့် ပေးသွားဖို့စီစဉ်ခြင်းဖြစ်ပါတယ်" ဟု ဦးသန့်ဇင်က ဆက်ပြောခဲ့သည်။

No comments:

Post a Comment

back to top