Monday, March 31, 2014


ဆလိုဗက်ကီးယား သမ္မတ ရွေးကောက်ပွဲတွင် ကစ်စကာ အနိုင်ရရှိ
ဆလိုဗက်ကီးယား နိုင်ငံတွင် မတ် ၃ဝ ရက်က ဒုတိယအကြိမ် ကျင်းပခဲ့သော သမ္မတ ရွေးကောက်ပွဲတွင် စီးပွားရေး လုပ်ငန်းရှင်ဟောင်း တစ်ဦးဖြစ်သူ အန်ဒရီကစ်စကာက အနိုင် ရရှိခဲ့ကြောင်း သိရသည်။ အသက် ၅၁ နှစ် အရွယ်ရှိ ကစ်စကာသည် အဆိုပါ ရွေးကောက်ပွဲတွင် ထောက်ခံမဲ အရေအတွက် ၅၉ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်ပြီး အခြားရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် လက်ရှိ ဝန်ကြီးချုပ် ရောဘတ်ဖီကိုက မဲအရေအတွက် ၄ဝ ဒသမ ၆၁ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း မဲများအား ရေ တွက်ပြီးနောက် မတ် ၃ဝ ရက် အစောပိုင်းထုတ် ပြန်ချက်များအရ သိရသည်။

မိမိအနေဖြင့် နိုင်ငံ၏ သမ္မတ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း မှုကို ဖော်ဆောင်၍ ပြည်သူ များ၏ ယုံကြည်မှုကို ရယူသွားမည် ဖြစ်ကြောင်း ကစ်စကာက ဘရာတီစလာဗာမြို့ရှိ သမ္မတ ရွေးကောက်ပွဲ ဌာနချုပ်တွင် ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ကစ်စကာသည် ဇွန် ၁၅ ရက်မှစတင်၍ သမ္မတဟောင်း အိုင်ဗန်ဂက်စ ပါရိုဗစ်၏ နေရာတွင် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။ ဆလိုဗက်ကီးယား နိုင်ငံတွင် မတ် ၁၅ ရက်က  ကျင်းပခဲ့သော  ပထမအကြိမ် သမ္မတ ရွေးကောက်ပွဲတွင်  ကစ်စကာနှင့် ၎င်း၏ပြိုင်ဘက် ဖီကိုတို့သည် မဲအရေအတွက် ၄၃ ဒသမ ၄ ရာခိုင်နှုန်းဖြင့် မဲအရေအတွက် တူညီ နေခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top