Monday, March 31, 2014

အပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်ပြီး ဆွေးနွေးကြမည့်ပါကစ္စတန်နှင့် တာလီဘန်

ပါကစ္စတန် အစိုးရနှင့် စစ်သွေးကြွ တာလီဘန်များအကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုအား မကြာမီ ဆောင်ရွက်တော့မည် ဖြစ်ကြောင်းသိရှိရသည်။ နှစ်ဦးနှစ်ဘက် အကြား (၇) နှစ်ကြာ သွေးချောင်း စီး အကြမ်းဖက် တိုက်ခိုက်မှုများအား အဆုံးသတ်ရန် အတွက် ပါကစ္စတန် အစိုးရ အနေဖြင့် ပြီးခဲ့သည့်လမှ စတင်၍ Tehreek-e-Taliban Pakistan (TTP) နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် လမ်းဖွင့်ပေး လိုက်ခြင်း ဖြစ်သည်။


ကြားဝင်စေ့စပ် ဖျန်ဖြေသူများ မှတဆင့် ဆွေးနွေး ညှိနှိုင်းကာ အစည်းအဝေးများ ကျင်းပပြီး ဖြစ်သော် လည်း ခေါင်းဆောင်များ အကြား တိုက်ရိုက် ဆွေးနွေးမှု များကိုမူ လာမည့် ရက်အနည်းငယ်အတွင်း ကျင်းပရန် စီစဉ်လျက် ရှိသည်။ အစိုးရက ပြီးခဲ့သည့် သီတင်းပတ် အတွင်းက အဖွဲ့ဝင် (၄) ဦး ပါဝင်သည့် ကော်မတီသစ် တစ်ရပ် ဖွဲ့စည်းခဲ့ပြီး ဆွေးနွေးမည့် နေရာပါ သဘောတူညီပြီး ဖြစ်သော်လည်း တရားဝင် လူသိရှင်ကြား ထုတ်ပြန် ကြေငြာခြင်း မရှိသေးပေ။ အစိုးရအဖွဲ့ ကော်မတီနှင့် တာလီဘန် နိုင်ငံရေး ကောင်စီမှ ခေါင်းဆောင်များ အကြား ဆွေးနွေးကြမည် ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေး ကာလအား အချိန်တိုးမြှင့် သတ်မှတ်ရန် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း တာဘီဘန် အဖွဲ့အတွက် စေ့စပ်ညှိနှိုင်းသူ Sayed Yusuf Shah က ပြောကြားခဲ့သည်။ နှစ်ဦးနှစ်ဘက်အကြား သဘောတူညီထားသည့် အပစ်အခတ် ရပ်စဲရေး ကာလမှာ လာမည့် သီတင်းပတ်အတွင်း ကုန်ဆုံးမည် ဖြစ်သည်။ နှစ်ဦးနှစ်ဘက်အကြား ချမှတ်ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် အစိုးရ အနေဖြင့် အကျဉ်းချထားသော တိုက်ခိုက်ရေးသမားများ မဟုတ်သည့် အကျဉ်းသားများအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top