Monday, March 31, 2014


နိုင်ငံရေး အတွေ့အကြုံမရှိသည့် ဆလိုဗက်သူဌေး သမ္မတရွေးကောက် ပွဲနိုင်

ဆလိုဗက်သူဌေးကြီး အန်းဒရက်ကီရှားသည် ယခင်ကနိုင်ငံရေး အတွေ့အကြုံမရှိဘဲ သမ္မတရွေးကောက် ပွဲတွင် အနိုင်ရရှိသွားခဲ့သည်။ မစ္စတာကီရှားသည် ပထမဆုံးအကြိမ် ၀က်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် သမ္မတအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။

၎င်းသည် လက်ရှိဝန်ကြီးချုပ် ရောဘတ်ဖီကိုအား ဒုတိယအကျော့တွင် အနိုင်ရရှိလိုက်ခြင်းဖြစ်သည်။ အစောပိုင်း ရွေးကောက်ပွဲရလဒ်များအရ မစ္စတာကီရှားသည် ၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်ဟုဆိုသည်။

အဆိုပါ အနိုင်ရရှိမှုကြောင့် မစ္စတာဖီကို၏ သမ္မတနှင့် ပါလီမန်တို့ကို ထိန်းချုပ်ထားခြင်းမှ စွန့်လွှတ် ရတော့မည်ဟု သတင်းထောက်များက ဆိုသည်။ မစ္စတာဖီကိုသည် ၂၀၁၂ ခုနှစ်ကတည်းက ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။ “ကျွန်တော့အတွက်တော့ ဒီရွေးကောက်ပွဲဟာ ခံစားမှု အသစ်ပါပဲ” ဟု မစ္စတာ ကီရှားက ပြောသည်။

No comments:

Post a Comment

back to top