Wednesday, April 30, 2014



အခွန်များ လျှော့ချ လိုက်သောကြောင့် စလစ်ဈေး ငွေကျပ် ငါးသိန်းခန့် ကျဆင်းလာ

၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ တစ်ဆင့်ချင်း လျှော့ချပေးနေသည့် က.ည.န အခွန်နှင့် ကုန်သွယ်လုပ်ငန်း အခွန်များကြောင့် တက္ကစီ စလစ်ဈေးနှုန်းများ ငွေကျပ်ငါးသိန်းနီးပါး ကျဆင်းသွားခဲ့ကြောင်း ရန်ကုန်ကားဈေး ကွက်အတွင်းမှ သိရသည်။
 ယခင်က ကားဈေးကွက်အတွင်း တက္ကစီ စလစ်များမှာ ငွေကျပ် ၆၄ သိန်းဝန်းကျင် ဈေးပေါက်နေပြီး ယခု နှစ် ပတ်တာကာလအတွင်း ငွေကျပ် ၅၈ သိန်းအထိ ဈေးကျဆင်းသွားကြောင်း သိရသည်။  လက်ရှိ ၁၃ဝဝ စီစီ ကားများဖြစ်သည့် Toyota Probox, Nissan AD Van,ToyotaPasso, Nissan March, Mitsubishi Colt, Suzuki Swift စသည့် ကားများမှာ ငွေကျပ် သိန်းနှစ်ဆယ်ခန့် ဈေးနှုန်း ကျဆင်းသွားသည့် အတွက် နောက်သုံးနှစ်တာ ကာလ အတွင်း ၁၃ဝဝ စီစီ ကားများအနေဖြင့် နိုင်ငံတကာ ကားဈေးနှုန်းများနှင့် တန်းတူဖြစ်သည်အထိ ဈေးနှုန်း ကျ ဆင်းသွားနိုင်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top