Wednesday, April 30, 2014

နေခြည်

ဝါလဲ့လဲ့ ရွှေရောင်ကောင်းကင်အောက်မှာ
လေညှင်းတသွဲ့သွဲ့...
နေခြည်ဟာ...လှပ၀င်းလဲ့လို့နေတယ်...
ဝင်းမွတ်အိစက်တဲ့...
ပကတိအလှတရားရဲ့သွန်းလုပ်မှုနဲ့အတူ
သူမဟာ ဧကရီဆန်ဆန်...
ကဗျာတစ်ပုဒ်ရဲ့ ငြိမ်းအေးသက်ဝင်မှုမှာ
နွှဲနွှဲ့လေး ခိုဝင်လို့.......
နေခြည်.......
ရင်ခွင်မှာ လှိုင်းတို့ပြင်းထန်တယ်...
ပျော့ပြောင်းတဲ့ ရွှေအိုရောင် ဆံနွယ်တွေဟာ....
ငါရေးဖွဲ့မပြနိုင်တဲ့....အလင်္ကာတွေ...
ရင့်ကျက်မှုနဲ့ မဟာဆန်လွန်းနေခဲ့တယ်
အို....နေခြည်ရေ...
နင်လာရာလမ်းတလျှောက်မှာ....
နှင်းဆီတို့ ဦးညွှတ်ကြ...
ရော်ရွက်ဝါတွေလည်း
တိတ်ဆိတ်ဆွံ့အ...
အရာအားလုံးဟာ....နစ်မျောပျော်ဝင်လို့
နေခြည်...
ရင်ခွင်ကိုဖြန်းပတ်ပါ...
ကြယ်တွေကင်းတဲ့ကမ္ဘာမှာ
နင်ဟာငါ့အတွက်...
ကြယ်တစ်စင်းလည်းဖြစ်ရဲ့
အဘယ်နတ်သမီးရဲ့....
ဝိဥာဉ်တော်များလဲ...
ရွှေ...နေခြည်ရယ်....

No comments:

Post a Comment

back to top