Wednesday, April 30, 2014


လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မီးဘေးသင့်ပြည်သူများအား အလှုငွေနှင့် ပစ္စည်းများလှူဒါန်း


ပါတီသည်ပြည်သူ့အတွက်ဟူသောမူဝါဒ လက်ကိုင်ထားလျှက် သဘာဝဘေး အန္တရာယ် ကျရောက် နေသော ပြည်သူများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကူညီစောင့်ရှောက်ပေး လျှက်ရှိရာ ဧပြီ (၂၉) ရက် ညနေ(၅) နာရီက လှိုင်မြို့နယ် အမှတ်(၁၁) အခြေခံပညာ မူလတန်း ကျောင်းဝင်း ရှေ့ တွင် လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှုး၍ (၁၃)ရပ်ကွက် သီရိမြိုင် (၆) လမ်းနှင့် ပန်းခြံကျောင်းလမ်းဒေါင့်ရှိ မီးဘေးသင့်အိမ် (၇)လုံးမှ အိမ်ထောင်စု (၁၀)စုကို အလှုငွေ၊ ဆန်၊ ဆီနှင့် မြက်ဖျာများ လှုဒါန်းပွဲ ကျင်းပခဲ့သည်။
အစီအစဉ်အရ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ၀င်းမြင့်မှ လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ၀င်းမြင့်၊ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းလွင်တို့မှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၅၀၀၀၀)၊ ဆန် (၁)အိပ်၊ ဆီ(၅)ပိသာ၊ မျက်ဖျာ(၂)ချပ် တန်ဘိုးငွေ စုစုပေါင်း တစ်ဆယ့် သုံးသိန်း နှစ်သောင်း ကျပ်ကို အိမ်ထောင်စု(၁၀)စုအား လှုဒါန်းခဲ့သည်။ 

ဆက်လက်၍ ပြည်သူ့လွှတ်တော် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များကို အမှုးထား၍ (၁၃)ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ပါတီ ၀င်များမှစုပေါင်း၍ အလှုငွေ (၂၀၀၀၀၀) ကျပ်အား မီးဘေးသင့်ပြည်သူများကို လှုဒါန်းခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များသည် မီးဘေးကယ်ဆယ်ရေးစခန်း ထားရှိရာ အမက (၁၁)ကျောင်း အတွင်းရှိ မီးဘေးသင့် ပြည်သူများအား လိုက်လံကြည့်ရှု့ အားပေးခဲ့သည်။
အဆိုပါလှုဒါန်းပွဲသို့ မြို့နယ်ရပ်ကွက်ပါတီကော်မတီဝင်များ အင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top