Wednesday, April 30, 2014


ယူကရိန်းသို့ ကျူးကျော်မည်မဟုတ်ကြောင်း အမေရိကန်ကို ရုရှား ကတိပေး
ရုရှားအစိုးရက ၎င်းတို့ သည် ယူကရိန်းသို့ ကျူးကျော် ၀င်ရောက်မည်မဟုတ်ကြောင်း အမေရိကန်ကို အာမခံပြော ကြားခဲ့သည်ဟု ကန်ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ဖော်ပြော ကြားလိုက်သည်။ ကန်ကာကွယ်ရေးဌာန၏ ထုတ်ပြန်မှုသည် အမေရိကန်နှင့်  ဥရောပနိုင်ငံများက ယူကရိန်း တွင် ရုရှားတို့ ၀င်ရောက်စွက်ဖက် နေမှုများကို ဒဏ်ခတ်သည့် အ ရေးယူပိတ်ဆို့မှုများ အသစ်ထပ်မံ ပြုလုပ် လိုက်ပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။ ကန်အစိုးရ သည်လည်း တနင်္လာနေ့တွင် ရုရှားသမ္မတ ပူတင်နှင့် နီးစပ် သော အစိုးရတာဝန်ရှိသူ ခုနစ်ဦး နှင့် ကုမ္ပဏီ ၁၇ ခုကို ပိတ်ဆို့အ ရေးယူမှုများ အသစ် ချမှတ်ခဲ့ သည်။
ဥရောပသမဂ္ဂကလည်း ၎င်း တို့ မူလချမှတ်ထားသည့် ပိတ်ဆို့ မှုစာရင်းတွင် အမည် ၁၅ ခုကို ထပ်မံထည့်သွင်းခဲ့ပြီး ကနေဒါ ကလည်း အမည်ကိုးခုနှင့် ဘဏ် နှစ်ခုကို ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်း လိုက်သည်။ ယူကရိန်း အရှေ့ပိုင်းတွင် ရုရှားလိုလား သော မြို့တော်ဝန်တစ်ဦး သေ နတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရပြီး နောက် ဒဏ်ရာပြင်းထန်စွာ ရခဲ့ သည်။ သူပုန်များကလည်း နောက် ထပ်မြို့တစ်မြို့ကို သိမ်းပိုက်ခဲ့ သည်။
အမေရိကန်စစ်ဌာနချုပ် ပင် တဂွန်က ကန်ကာကွယ်ရေးဝန် ကြီး ချက်ဟေဂယ်သည် ရုရှား ကာကွယ်ရေး ၀န်ကြီး ဆာဂျီ ရွိုင် ဂူထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ရွိုင်ဂူက ရုရှားတပ်များသည် ယူ ကရိန်းကို ကျူးကျော်မည်မဟုတ် ဟု အာမခံခဲ့ကြောင်း ဆိုသည်။ ၀န်ကြီးနှစ်ဦးသည် ယူကရိန်းအ ရေးနှင့် ဆိုင်သော ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ဟေဂယ်က လည်း ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားတို့ ပတ်သက်လိုသည့် ရည် ရွယ်ချက်များကို ရှင်းလင်းပေးရန် တောင်းဆိုခဲ့ကြောင်း ကန်ကာ ကွယ်ရေး ဌာန ကြေညာ ချက်တွင် ဖော်ပြထားသည်။
ဖုန်းဆက်သွယ်မှုအတွင်း ရုရှားကာကွယ်ရေးဝန်ကြီးက လည်း အမေရိကန်အနေဖြင့် ယူ ကရိန်းအကျပ်အတည်းနှင့်ပတ် သက်၍ ပြောဆိုချဲ့ကားနေမှုများ ကို လျှော့ချသင့်ကြောင်းဆိုခဲ့ပြီး ကရင်မလင်ကလည်း အမေရိ ကန်၏ ပိတ်ဆို့မှုများအတွက် နာကျင်စရာ တုံ့ပြန်မှုများ ရှိလာ မည် ဖြစ်ကြောင်း သတိပြန်ပေးခဲ့သည်။

No comments:

Post a Comment

back to top