Wednesday, April 30, 2014

အိပ်မက်က တကယ် ဖြစ်လာတာလို့ နိုဆောင်ယယ် ပြောကြားတဲ့ သတင်း






အသက်(၂၂)နှစ်သာ ရှိသေးတဲ့ တောင်ကိုရီးယား ဂေါက်သီးသမားလေး နိုဆောင်ယယ်က "ကျွန်တော့်အိပ်မက်က အခုတကယ် ဖြစ်လာပါပြီ"လို့ ဇူးရစ်ကလပ်စစ် ချန်ပီယံဆုရ အပြီးမှာ ပြောကြားပါတယ်။ ဆုကြေးစုစုပေါင်း ဒေါ်လာ (၆ဒသမ၈)သန်းပေးတဲ့ ဇူးရစ်ကလပ်စစ် ပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စု လူဝီစီးယားနားပြည်နယ် နယူးအော်လင်းမြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးပါတယ်။ အဲဒီပြိုင်ပွဲမှာ နိုဆောင်ယယ်က (၆၅၊၆၈၊၆၅၊၇၁)ချက်နဲ့ လေးရက်ပေါင်း (၂၆၉)ချက်ရိုက်ပြီး ချန်ပီယံဆုကြေး ဒေါ်လာ(၁ဒသမ၂၂၄)သန်း ရသွားပါတယ်။ နိုဆောင်ယယ်အနေနဲ့ ပီဂျီအေတိုး ချန်ပီယံဆုကို ပထမဆုံးရရှိတာ ဖြစ်ပါတယ်။ "ကျွန်တော် ဂေါက်သီးကို (၇)နှစ်အရွယ်ကတည်းက ရိုက်ခဲ့တာပါ။ ပီဂျီအေတိုး ပြိုင်ပွဲတွေ၊ မေဂျာပြိုင်ပွဲတွေနဲ့ မာစတာပြိုင်ပွဲမှာ ကစားဖို့ ကျွန်တော် စိတ်ကူးယဉ်ခဲ့တာ အမြဲတမ်းပါပဲ။ အခုတော့ ပီဂျီအေတိုး ချန်ပီယံဆုပါ ရယူနိုင်ပြီဆိုတော့ ကျွန်တော် အရမ်းပျော်ပါတယ်"လို့ နိုဆောင်ယယ်က ပြောပါတယ်။

No comments:

Post a Comment

back to top