Wednesday, April 30, 2014



လေးကြိမ်မြောက် သမ္မတသက်တမ်း အတွက် အယ်လ်ဂျီးရီးယား သမ္မတ ကျမ်းသစ္စာ ကျိန်ဆို

အယ်လ်ဂျီးရီးယား သမ္မတ အဗ္ဗဒဲယ်လ် အေဇစ်ဘိုတီဖလီကာသည်၎င်း၏ လေးကြိမ်မြောက် သမ္မတ သက်တမ်း အတွက် ဧပြီ ၂၈ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဘိုတီဖလီ ကာသည် ကျမ်းသစ္စာ ကျိန်ဆိုမှုကို အယ်လ်ဂျီးယားစ်မြို့ အနောက်ပိုင်းရှိ သမ္မတ နန်းတော်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၇၅ ပါ အချက်အလက်များနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဘိုတီဖလီကာသည် ၁၉၉၉ ခုနှစ်မှစ၍ သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ယခု တစ်ကြိမ် ပြုလုပ်သည့် ကျမ်းသစ္စာ ကျိန်ဆိုမှု အခမ်းအနားကို ဒေသတွင်း ရုပ်သံလိုင်းများတွင် တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပြီး အယ်လ်ဂျီးရီးယား တရားရုံးချုပ်၏ ဥက္ကဋ္ဌ ရှေ့မှောက်တွင် သမ္မတ ဘိုတီဖလီကာက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

back to top