Wednesday, April 30, 2014



နျူကလီးယား စွမ်းအင်ဆိုင်ရာ နည်းပညာကဏ္ဍအား အဆင့် အတန်း မြှင့်တင်မည့် စင်ကာပူ အစိုးရ

စင်ကာပူ အစိုးရအနေဖြင့် ယခု အသစ်ကြေညာလိုက်သည့် အစီအစဉ်အားဖြင့် နိုင်ငံတွင်း နျူကလီးယား စွမ်းအင်ဆိုင်ရာ နည်းပညာကဏ္ဍအားအဆင့်အတန်း မြှင့်တင်မည် ဖြစ်ကြောင်း သိရှိရသည်။ စင်ကာပူနိုင်ငံ အမျိုးသား သုတေသန ဖောင်ဒေးရှင်း (NRF)မှ (၁၀)နှစ်တာ နျူကလီးယား စွမ်းအင် လုံခြုံရေးဆိုင်ရာ သုတေသနနှင့် ပညာပေး အစီအစဉ်အား ယမန်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။


အဆိုပါ စီမံကိန်း၏ ပထမ (၅) နှစ်တာ ကာလအတွက် စင်ကာပူဒေါ်လာ (၆၃) သန်းအား ရံပုံငွေအဖြစ် ထားရှိပြီး ဖြစ်ကြောင်း ၊ ယင်းစီမံကိန်း အသစ်အား စင်ကာပူနိုင်ငံ နျူကလီးယား စွမ်းအင်ဆိုင်ရာ သုတေသနနှင့် လုံခြုံရေးဆိုင်ရာ ကနဦးအဖွဲ့ (SNRSI) နှင့် နျူကလီးယား စွမ်းအင်ဆိုင်ရာ ပညာပေးနှင့် လေ့ကျင့်သင်ကြားရေး ရံပုံငွေအဖွဲ့ (NETF) တို့မှ ဦးစီးဦးဆောင်ကာ အကောင် အထည်ဖော် ဆောင်သွားမည် ဖြစ်ကြောင်း၊ SNRSI မှ နျူကလီးယား စွမ်းအင်ဆိုင်ရာ လုံခြုံရေးနှင့် စပ်ဆိုင်သည့် သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များအား ဆောင်ရွက်သွားမည် ဖြစ်ပြီး NETF က ဖော်ပြပါ လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ပညာပေး ဆောင်ရွက်ချက်များနှင့် လေ့ကျင့်သင်ကြားမှု အစီအစဉ်များအား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ စင်ကာပူအမျိုးသား တက္ကသိုလ်မှ အင်ဂျင်နီယာနှင့် ရူပဗေဒ အထူးပြု ကျောင်းသူကျောင်းသားများအား နျူကလီးယား စွမ်းအင်ဆိုင်ရာ လေ့လာ သင်ယူစရာများ ထည့်သွင်း သင်ကြားသွားနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း၊ လာမည့် (၁၀) နှစ်တာ ကာလအတွင်း နျူကလီးယား စွမ်းအင်ဆိုင်ရာ ကဏ္ဍအတွက် Scientist အယောက် (၁၀၀) ခန့်အား လေ့ ကျင့်သင်ကြားမှုများ ကောင်းစွာ ပြုလုပ်ပေးနိုင်ရန် မျှော်လင့်ကြောင်း တာဝန်ရှိသူများ ၏ ပြောကြားချက်များအရ သိရှိရသည်။

 

No comments:

Post a Comment

back to top