Wednesday, April 30, 2014


ဖိလစ်ပိုင်နှင့် အမေရိကန် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆို
ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ဆက်လက်ထားရှိ ရေးနှင့် စပ်လျဉ်း၍ ၁ဝ နှစ် သက်တမ်းရှိ ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို ဧပြီ ၂၈ ရက်က လက်မှတ်ရေးထိုး ခဲ့ကြောင်းသိရ သည်။

ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သက်တမ်းတိုးမြှင့်ရေး အစီအစဉ်အရ Enhanced Defense Cooperation Agreement (EDCA) အမည်ရှိ အဆိုပါ သဘောတူ စာချုပ်တစ်ရပ်ကို ဖိလစ်ပိုင်နိုင်ငံသို့ သမ္မတ အိုဘားမား ရောက်မလာမီ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဗော်တယ်ယားဂတ်ဇ်မင်နှင့် ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဖိလစ်ဂိုးဘက်ဂ်တို့ နှစ်ဦးက လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ နှစ်နိုင်ငံ အကြား သဘောတူ လက်မှတ် ရေးထိုးခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အဓွန့်ရှည် တည်တံ့ ခိုင်မြဲစေမည်ဖြစ်ကြောင်း သမ္မတရုံးမှ ဆက်သွယ်ရေး အရာရှိ တစ်ဦးဖြစ်သူ ဟာမီနီဂိုကိုလိုမာ က ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများကို နှစ်နှစ် နီးပါးကြာ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

back to top