Wednesday, April 30, 2014

ယူကရိန်း နိုင်ငံအား ကူညီ ထောက်ပံ့ပေးသွားမည့် ပုပ်ရဟန်းမင်းကြီး Francis

ရုရှားနိုင်ငံမှ ကျူးကျော်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေရသည့် ယူကရိန်း နိုင်ငံအတွက် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများကိုတတ်အားသရွေ့ ဆောင်ရွက် ပေးသွားမည်ဟု ပုပ်ရဟန်းမင်းကြီး Francis က ယူကရိန်းနိုင်ငံ ၀န်ကြီးချုပ် Arseniy Yatsenyuk အား ယမန်နေ့က တွေ့ဆုံ ပြောကြားခဲ့သည်။


ဝန်ကြီးချုပ်ကလည်း လက်ရှိ ယူကရိန်း နိုင်ငံအတွက် လုံခြုံ ငြိမ်းချမ်းမှု ရရှိရေးနှင့် ဥရောပ ဒေသအတွင်း စစ်မှန်သော တည်ငြိမ် အေးချမ်းမှု ရရှိစေရေး တို့အတွက် ဆုတောင်းမေတ္တာ ပို့သပေးရန် ပုပ်ရဟန်း မင်းကြီးအား မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။ ဗာတီကန်နှင့် ယူကရိန်း အကြား အပြန်အလှန် လေးစားမှုနှင့် သဟဇာတ ဖြစ်မှုတို့အတွက် အထူးရေးပါသည့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အထူး အလေးအနက်ထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top