Wednesday, April 30, 2014


အာရှဖလား ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီး ဘောလုံး အသင်း တရုတ်နိုင်ငံတွင် ခြေစမ်းပွဲ သုံးပွဲ ကစားမည်
ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ၂ဝ၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ အောင်မြင်မှု ရရှိနိုင် စေရန်အတွက် မြန်မာ အမျိုးသမီး ဘောလုံး အသင်းသည် တရုတ်နိုင်ငံသို့  ဧပြီ ၂၇ ရက်မှ စတင် ထွက်ခွာပြီး  တရုတ်နိုင်ငံ ကန်တုံကျူလိုင်ယို ဘောလုံး လေ့ကျင့်ရေး စင်တာတွင်   တည်းခို နေထိုင် ကာ  လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိသည်။

မြန်မာအမျိုးသမီး ဘောလုံး အသင်း အနေဖြင့် ဧပြီ   ၃ဝ ရက်နှင့် မေ ၃ ရက်တွင် ကွမ်ကျိုးအမျိုးသမီး လက်ရွေးစင်အသင်း၊   မေ ၅ ရက်တွင် ကွမ်ကျိုး တပ်မတော်  အမျိုးသမီး ဘောလုံး အသင်းများနှင့် ခြေစမ်း ပွဲ သုံး ပွဲ အား တရုတ်နိုင်ငံတွင် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုး သမီး အသင်းတွင် ၂၆ ဦး ရွေးချယ်ထားပြီး ပထမခြေစမ်းပွဲ အပြီးတွင် ကစားသမား သုံးဦး လျှော့ချကာ အာရှ ဖလား သွားရောက် ယှဉ်ပြိုင်ကစားမည့် အပြီးသတ် ၂၃ ဦးစာရင်းကို မေ ၁ ရက်တွင် ထုတ်ပြန် သွားမည် ဖြစ်သည်။မြန်မာအသင်း အနေဖြင့် ကွမ်ကျိုးမြို့ တွင် ဧပြီ ၂၇ ရက်မှ မေ ၅ ရက်အထိ လေ့ ကျင့် ခြေစမ်းမှုများ ပြုလုပ်မည် ဖြစ်ပြီး မေ ၆ ရက်တွင် ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

ဗိယက်နမ်နိုင်ငံတွင်  မေ ၁၄ ရက်မှ ၂၅ ရက်အထိ ကျင်းပ ပြုလုပ်မည့်   ၂ဝ၁၄ အာရှအမျိုးသမီးချန်ပီ ယံရှစ်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ် များတွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်းနှင့် အုပ်စု(က) ပထမ နေရာရရှိ၊ အသင်း ရှစ်သင်း ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး အသင်းလေးသင်းပါ အုပ်စုနှစ်ခုမှ (ပ+ဒု) နှစ်သင်းစီ၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး  ၂ဝ၁၄ အာရှ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲမှ ရပ်တည်မှု အဆင့် ၁ မှ ၅ ထိ အသင်းသည် ကနေဒါနိုင်ငံ အတွက် ကျင်းပမည့် ၂ဝ၁၅ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင် ရရှိမည်ဖြစ်ပြီး အရှေ့တောင်အာရှ သုံးနိုင်ငံဖြစ်သည့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ် အသင်းတို့မှ ထိပ်ဆုံးငါးသင်း စာရင်းဝင်နိုင်ရန် အလားအလာ ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top