Wednesday, April 30, 2014


လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားဖို့ အဓိက အရေးကြီးဟု ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေး ရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် ပြောကြား


"အခုအရေးကြီးဆုံးကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့က အရေးကြီးပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းနိုင်ရေးအတွက်လဲ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော် ပေါင်းစပ်ပြီး ဆောင်ရွက်နေပါတယ်" ဟု ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေး ရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က ဧပြီ ၂၇ ရက် နံနက်က လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ ကျင်းပသော လူမှုရေးနှင့် ဖွံ့ဖြိုးရေး လှူဒါန်း ထောက်ပံ့ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိ သလို ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်သည့် လုပ်ငန်းစဉ်များ အပြင် ပြည်တွင်းငြိမ်းရေးအတွက် လိုအပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို တိုင်းရင်းသား အခွင့် အရေးများနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။
ယခုလက်ရှိတွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့ရှိရာ ယင်း ၁၆ ဖွဲ့ အနက် ၁၁ ဖွဲ့သည် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လက်ကိုင် သုံးဖွဲ့ သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေးကို သဘော တူညီထားပြီးဖြစ်ကာ ကျန်နှစ်ဖွဲ့မှာမူ ဆက်လက်ညှိနှိုင်းနေကြောင်း ၎င်းက ပြောကြားသည်။

No comments:

Post a Comment

back to top