Wednesday, April 30, 2014


ကူးတို့သင်္ဘောမတော်တဆမှုအတွက် တောင်ကိုရီးယားသမ္မတတောင်းပန်
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက လူ ၃၀၀ ခန့် သေကျေပျောက်ဆုံးမှု ဖြစ်စေခဲ့သော ကူးတို့ သင်္ဘောတိမ်းမှောက် မှုအန္တရာယ်ကို ကာကွယ်ရန် ပျက် ကွက်မှုနှင့် မလုံလောက်သော အရေး အပေါ်အခြေအနေ တုံ့ပြန်မှု တို့အတွက် ဧပြီ ၂၉ ရက်တွင် တောင်းပန်စကား ပြောကြားခဲ့ သည်။
‘‘ကူးတို့ယာဉ်တိမ်းမှောက်မှု ကို မတားဆီးနိုင်ခဲ့မှု၊ မလုံလောက် တဲ့ အရေးပေါ်အခြေအနေ တုံ့ပြန် မှုတွေ အတွက် ဘယ်လိုတောင်း ပန်ရမှန်းတောင် မသိတော့ပါ ဘူး’’ ဟု သမ္မတ ပတ်ဂွန်ဟေးက ထုတ်ပြန်ချက် တစ်ခုတွင် ပြော ကြားခဲ့သည်။
‘‘ပြည်သူတွေအတွက် စိတ် မကောင်းပါဘူး။ တန်ဖိုးရှိတဲ့ လူ့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ လို့ အလွန် ၀မ်းနည်းရပါတယ်’’ ဟု သမ္မတ ပတ်ဂွန်ဟေးက ပြော ကြားခဲ့သည်။
ဧပြီ ၁၆ ရက်က ဖြစ်ပွားခဲ့ သော Sewol ကူးတို့သင်္ဘော နစ် မြုပ်မှုတွင် လူပေါင်း ၁၈၉ ဦး သေ ဆုံးခဲ့သည်ဟု ဧပြီ ၂၈ ရက် တ ရားဝင်ထုတ်ပြန်ချက်များအရ သိ ရသည်။ ပျောက်ဆုံး သူများနှင့် သေဆုံး သူအများစုမှာ အထက် တန်းကျောင်းသား ကျောင်းသူ များဖြစ်သည်။ ရေစီး သန်မှု ကြောင့် ကျန်ရှိနေသော ရုပ်အ လောင်းများ ရေစီးနှင့်အတူ မျော ပါသွားနိုင်သည်ကိုလည်း စိုးရိမ် လျက်ရှိရာ ကူးတို့သင်္ဘောပတ် လည်ရှိ ရေပြင်တွင် ပိုက်ကွန် များ ချထားသည်ဟု သိရသည်။
နစ်မြုပ်သွားသော ကူးတို့ သင်္ဘောပတ်လည်ရှိ ရေအောက် နှင့် ပင်လယ်ရေမျက်နှာပြင်တွင် ရှာဖွေရေး အထူးအဖွဲ့များ ချထား ပြီးဖြစ်သည်ဟု ကယ်ဆယ်ရေး လုပ်ငန်းမှ အစိုးရပြောရေးဆိုခွင့်ရ ပတ်ဆောင်းဂီ က ပြောကြားခဲ့ သည်။           

No comments:

Post a Comment

back to top