Wednesday, April 30, 2014


ရွေးကောက်ပွဲကို တတိယအကြိမ်မြောက် ယှဉ်ပြိုင်မယ့် ဆီးရီးယား သမ္မတ " အာဆက် "
အပြည်ပြည်ဆိုင်ရာက ရာထူးကနေ ဆင်းပေးဖို့ ဖိအားပေးနေပေမယ့်လည်း ဆီးရီးယား သမ္မတ " ဘာရှာအယ်အာဆက် " ဟာ ဇွန်လမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ တတိယ အကြိမ်မြောက် ပြန် လည်ရွေးကောက်ခံသွားမယ်လို့ သိရပါတယ်။ ပါလီမန် ဥက္ကဋ္ဌဖြစ်သူ " မိုဟာမတ် ဂျီဟတ် အယ်လာဟမ် " က တနင်္လာနေ့က အခုလို ကြေညာခဲ့ တာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းဌာန တစ်ခ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတွင်းမှာရှိတဲ့ မဲဆန္ဒရှင် တွေဟာ ပထမဆုံးအကြိမ် အနေနဲ့ သူတို့ရွေးချယ်စရာ သမ္မတလောင်းတွေ များစွာရှိလာတော့မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း  " အာဆက် " ဟာ ထပ်မံအနိုင်ရရှိဖွယ် ရှိနေ တယ်လို့ သိရပြီး ဆီးရီးယား ဥပဒေအရ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ (၁၀)နှစ် အတွင်း နေထိုင်သူဖြစ်ရမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း အာဆက်ရဲ့ ပြိုင်ဘက်အများဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီကြဘူးလို့ သိရပါသည်။

No comments:

Post a Comment

back to top