Wednesday, April 30, 2014


မိုးစက်ဝိုင်ကို ဘန်ကောက်လေကြောင်းလိုင်း က မြန်မာနိုင်ငံ၏ ပထမဆုံး Brand Ambassador အဖြစ်ခန့်အပ်

 

 




ဘန်ကောက်လေကြောင်းလိုင်းက မြန်မာနိုင်ငံ၏ ပထမဆုံး Brand ambassador အဖြစ် Miss Universe Myanmar 2013 မိုးစက်ဝိုင်ကိုခန့်အပ်လိုက်ကြောင်းသိရသည်။
အဆိုပါ ဘန်ကောက်လေကြောင်းလိုင်း၏ Barand ambassador ခန့်အပ်သည့်ပွဲကို ယခုလ၂၈ ရက်က Park Royal Hotel တွင်ကျင်းပခဲ့သည်။ မိုးစက်ဝိုင်သည် မြန်မာနိုင်ငံ၏တီဗွီကြော်ငြာဈေးကွက်ထဲတွင် အဓိကထိပ်တန်းသရုပ်ဆောင်တစ်ဦးအနေဖြင့်လည်းပါဝင်နေပြီး လှပစတိုင်ကျပြီး ညဏ်ရည်ဥာဏ်သွေး ထက်မြက်သော မော်ဒယ်တစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရသူဖြစ်ကြောင်း ဘန်ကောက်လေကြောင်း လိုင်း၏သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ မိုးစက်ဝိုင်ပါဝင်သော ဘန်ကောက်လေကြောင်းလိုင်း  ကြော်ငြာကို လာမည့်မေလတွင် မြန်မာနိုင်ငံအတွင်းရှိ တီဗွီရုပ်သံလိုင်းများ တွင် ထုတ်လွှင့်ပြသမည်ဟု သိရသည်။
ဘန်ကောက်လေကြောင်းလိုင်းသည် ၂၀၁၄ မှစတင်ပြီး မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဘန်ကောက်မှ မန္တလေး၊ ဘန်ကောက်မှ နေပြည်တော် စသည့်ခရီးစဉ်အသစ်များကို ပြေးဆွဲပျံသန်းခဲ့သည်။ ဘန်ကောက်လေကြောင်းလိုင်းသည် ရန်ကုန်မြို့သို့ တစ်နေလျှင် ခရီးစဉ်များကို သုံကြိမ်မှ လေးကြိမ်အထိ ပျံသန်းပြေးဆွဲလျက်ရှိသည်။

No comments:

Post a Comment

back to top