ဘာစီလိုနာ အိုးပင်းမှာ နီရှီကိုရီ ချန်ပီယံဆု ရတဲ့ သတင်း
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဘာစီလိုနာအိုးပင်း တင်းနစ်ဗိုလ်လုပွဲမှာ ဂျပန်တင်းနစ်သမား နီရှီကိုရီက ကိုလံဘီယာ တင်းနစ်သမား ဆန်တီယာဂိုဂီရယ်ဒိုကို (၆း၂၊၆း၂)နဲ့ အနိုင်ရသွားပါတယ်။ ဒါကြောင့် နီရှီကိုရီဟာ ဘာစီလိုနာအိုးပင်း ချန်ပီယံဆုရ ပထမဆုံးဂျပန် တင်းနစ်သမားအဖြစ် မှတ်တမ်း ၀င်သွားပါတယ်။ သူ့တင်းနစ် သက်တမ်း တစ်လျှောက်မှာတော့ ဒီချန်ပီယံဆုဟာ (၅)ခုမြောက် ရရှိတဲ့ အောင်ပွဲပါပဲ။ "ဒီချန်ပီယံဆုရလို့ ကျွန်တော် နည်းနည်းတော့ အံ့သြမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြိုင်ပွဲက ကျွန်တော် ပထမဆုံးပြိုင်တဲ့ ရွှံ့စေးကွင်း ပြိုင်ပွဲဖြစ်ပြီး ချန်ပီယံဆုကိုလည်း ရယူနိုင်လို့ပါ။ ဒီအောင်ပွဲက ကျွန်တော့်ကို ယုံကြည်မှုတွေ အများကြီး ဖြစ်လာစေပါတယ်"လို့ နီရှီကိုရီက ပြောခဲ့ပါတယ်။ ဆုဖလား ရယူအပြီးမှာတော့ နီရှီကိုရီဟာ ဘာစီလိုနာအိုးပင်း ချန်ပီယံတွေရဲ့ အစဉ်အလာအတိုင်း ရေကူးကန်ထဲကို ခုန်ချခဲ့ပါတယ်။
No comments:
Post a Comment