Wednesday, April 30, 2014


Shwe Mandalar Expo 2014 ကုန်စည် ပြပွဲ မန္တလေး မြို့တော် ခန်းမ၌ ကျင်းပမည်

မန္တလေးမြို့ မြို့တော်ခန်းမ၌ မေ ၁ ရက်မှ ၄ ရက်အထိ  Shwe Mandalar Expo 2014 ကုန်စည်ပြပွဲကို ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ဂျပန်၊ ကိုရီးယားနိုင်ငံထုတ် အိမ်စီးကား အမျိုးမျိုး၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ ခရီးသည် တင်ယာဉ်များ၊ ရေလုပ်ငန်းသုံး ဖိုက်ဘာလှေများ၊ နိုင်ငံတကာမှ တင်သွင်းသော အီလက်ထရွန်နစ် ပစ္စည်းများ၊ ရုံးသုံး၊ အိမ်သုံး၊ ဟိုတယ်သုံး ပရိဘောဂပစ္စည်းများ၊ ကျန်းမာ ရေးဆိုင်ရာပစ္စည်းများ၊ အဆီချစက်များ၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်များ၊ အလှကုန်နှင့် ဖက်ရှင်ပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးသုံးဆေး များ၊ ရေဖျန်း စက်အ မျိုးမျိုး၊ မီးဖိုချောင်သုံးပစ္စည်း အမျိုးမျိုး၊ မိုဘိုင်းလ်ဖုန်း အမျိုးမျိုးတို့ကို ကုမ္ပဏီ ၁ဝဝ ကျော်မှ တိုက်ရိုက်လာ ရောက်ရောင်းချ ပေးမည်ဖြစ်သည်။
ကုန်စည် ပြပွဲနှင့်အတူ King& Queen of Mandalay 2014 ရွေးချယ်ပွဲ၊ ဖျော်ဖြေရေး အစီအစဉ်အဖြစ် ရုပ်ရှင် သရုပ်ဆောင် ဟာသ လူရွှင်တော်များ၏ ဟာသအစီအစဉ်များ၊ တစ်ခန်းရပ်ပြဇာတ်၊ မျက်လှည့် အစီ အစဉ်များ နှင့် Model Show များ ပါဝင်မည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။


No comments:

Post a Comment

back to top