Wednesday, April 30, 2014

ပြည်တွင်း ရဟတ်ယာဉ် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ခရီးသွား ရာသီ အစတွင် စတင်မည်

မြန်မာနိုင်ငံတွင် ပထမဆုံး ရဟတ်ယာဉ် ခရီးသွားပို့ ဆောင်ရေးလုပ်ငန်းများဆောင် ရွက်ရန် ပြည်တွင်း ကုမ္ပဏီ တစ်ခု နှင့် စင်ကာပူအခြေစိုက်ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းဆောင်ရွက် ရန်ရှိကြောင်း သတင်း ရရှိသည်။

မြန်မာမှ Global Integrat-ed Service(GIS) ကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် OATS ကုမ္ပ ဏီတို့အကျိုးတူ ပူးပေါင်းပြီး Avia-tion International Myanmar (AIM) အမည်ဖြင့် ပုဂံနှင့်ရန်ကုန် တွင်အခြေစိုက်ကာ ရဟတ်ယာဉ် ၀န်ဆောင်မှုဖြင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားသည်ဟု GIS အမှုဆောင်စီးပွား ရေးအကြံပေးဦးခင်မောင်သိမ်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီးပါက ယခုနှစ်မိုးကုန် ခရီးသွား ရာသီအစတွင် စတင်နိုင်မည်ဟု ၎င်းကဆိုသည်။

ပြည်တွင်း ပြည်ပခရီးသွား များအတွက် ရဟတ်ယာဉ်များဖြင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက် ရာတွင် ရန်ကုန်မှ ငွေ ဆောင်၊ ကျိုက်ထီးရိုး၊ မော်လမြိုင် ခရီးစဉ်များကို ခရီးသည် ၁၂ဦးမှ ၁၄ဦးဆံ့ ရဟတ်ယာဉ်အကြီးနှစ် စီးဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ပုဂံတွင် ခရီးသည် ငါးဦးဆံ့သော ရဟတ် ယာဉ်ငယ်ဖြင့် ပုဂံတစ်ဝိုက်ပြေးဆွဲ သွားမည်ဖြစ်သည်။
ယင်းသို့ ရဟတ်ယာဉ်ငယ် ဖြင့် ခရီးစဉ်များဆောင်ရွက်မည် ဆိုပါက လေကြောင်းဆိုင်ရာပျံ သန်းခွင့် လက်မှတ်(AOC) တင်ရမည်ဖြစ်ပြီး AOC ရရန် အနည်းဆုံးရက်ပေါင်း ၉၀ ခန့်အချိန်ယူရပြီး ယင်းပျံသန်းခွင့် လက်မှတ်ရမှသာ လုပ်ငန်း လုပ်ဆောင်ခွင့် ပြုပေးမည်ဟု လေကြောင်း ပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဝင်းဆွေထွန်းကပြောသည်။

AIM မှ ရဟတ်ယာဉ်များဖြင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်းစ တင်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည် နယ်နှင့် တိုင်းဒေသကြီး အစိုးရထံတင်ပြခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့လည်း တင်ပြထားရာ ခွင့်ပြုထားပြီးဖြစ်ကြောင်းဦးခင်မောင်သိမ်းကဆိုသည်။

ပြေးဆွဲရာတွင် အသုံးပြုမည့် လေယာဉ်များမှာအမေရိကန်နိုင် ငံထုတ် Sikorsky အမျိုးအစား ရဟတ် ယာဉ် များဖြစ်ပြီး သုံးနှစ်အ တွင်း ရှစ်စီးအထိ တိုးချဲ့ဆောင် ရွက်သွားရန်ရှိသည်ဟု သတင်းရရှိသည်။ လက်ရှိတွင် အခကြေးငွေမယူဘဲ လုပ်ငန်းသုံးသီးသန့်ဆောင် ရွက်သော ထူးကုမ္ပဏီပိုင်ဆိုင် သည့် ရဟတ်ယာဉ်နှစ်စီး ကို မှတ်ပုံတင်ခွင့်ပြုထားသည်။ ယင်းရ ဟတ်ယာဉ်များဖြင့် ခရီးသွားပို့ ဆောင်ရေး ၀န်ဆောင်မှုလုပ်မည် ဆိုပါက AOC ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း ဦးဝင်းဆွေထွန်းကဆိုသည်။

ပထမဆုံး မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် Global Integra−ted Service (GIS) ကုမ္ပဏီ သည် ရေနံတူးဖော်ရေး၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများ ကို ဆောင် ရွက်နေသော ရန်ကုန်အခြေစိုက်ကုမ္ပဏီဖြစ်သည်။

No comments:

Post a Comment

back to top