Wednesday, April 30, 2014


ဥရောပ (၆)နိုင်ငံ ခရီးကို စတင်တော့မယ့် ဂျပန်ဝန်ကြီးချုပ်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဥရောပ(၆)နိုင်ငံခရီးကို စတင်တော့မယ်လို့ သိရပါတယ်။ သူဟာ ယူကရိန်းကိစ်္စအပါအ၀င် ကမ္ဘာ့ရေးရာပြဿနာတွေနဲ့ပတ်သက်ပြီဥရောပခေါင်းဆောင် တော်တော် များများ နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အာဘေးဟာ ဂျာမနီနိုင်ငံကို အင်္ဂါနေ့မှာ သွားရောက်လည်ပတ်ဖို့ စီစဉ် ထားပါတယ်။
အဲ့ဒီနောက် သူဟာ ဗြိတိန်နိုင်ငံ၊ ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်နဲ့ ဘဲလ်ဂျီယံနိုင်ငံတို့ကို (၁၀)ရက် အတွင်း သွားရောက်လည်ပတ်မှာဖြစ်ပြီး မေလ(၈)ရက်နေ့မှာ ဂျပန်နိုင်ငံကို ပြန်လာမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံလိုပဲ ဂျာမနီ၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ G7  အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။

အာဘေးဟာ အဲ့ဒီနိုင်ငံတစ်နိုင်ငံဆီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ယူကရိန်းအရေး ကိစ္စနဲ့ ရုရှားနိုင်ငံကို G7 ရဲ့ တုံ့ပြန်မှုတွေ အကြောင်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဘေးဟာ ဇွန်လမှာ ကျင်းပမယ့် G7  ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ယူကရိန်းနိုင်ငံရေးကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် မယ့် ကိစ္စကို ထပ်လောင်းအတည်ပြု သွားမယ်လို့ သိရပါသည်။

 

No comments:

Post a Comment

back to top