Wednesday, April 30, 2014

ဗီလာနိုဗာရဲ့ နောက်ဆုံး ခရီးကို ဘာစီလိုနာ ဘုရားကျောင်းမှာ ကျင်းပတဲ့ သတင်း


ဘာစီလိုနာ အသင်းနည်းပြဟောင်း ဗီလာနိုဗာရဲ့ နာရေးအခမ်းအနား ဆုတောင်းပွဲကို တနင်္လာနေ့က ဘာစီလိုနာမြို့ ဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ဗီလာနိုဗာဟာ အရင်တစ်ပတ် သောကြာနေ့က လည်ချောင်း ကင်ဆာရောဂါကြောင့် အသက်(၄၅)နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ရပါတယ်။ သူ့နောက်ဆုံးခရီးကို ကာတလန်ဒေသ အစိုးရခေါင်းဆောင် အာသာမက်စ် အပါအ၀င် လာပေါ်တာ၊ ရိုဆဲလ်၊ ဘာတိုမြူစတဲ့ ခေတ်အဆက်ဆက် ဥက္ကဌတွေနဲ့ ဘာစီလိုနာ ကစားသမားတွေ တက်ရောက်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ ပရိသတ်တွေကလည်း ဘုရားကျောင်း အပြင်မှာစုရုံးပြီး ဆုတောင်း ပေးခဲ့ကြပါတယ်။ ဗီလာနိုဗာ ကွယ်လွန်ချိန်မှာ ဇနီးနဲ့သား၊သမီး တစ်ဦးစီ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top