Monday, January 5, 2015

ယခုဘောလုံးရာသီတွင် ဂိုးသမားနူအာ ဥရောပ၌ ဂိုးပေါက်ကာကွယ်မှု အများဆုံး ပြုလုပ်နိုင်ခဲ့

၂၀၁၄-၁၅ ဘောလုံးရာသီထက်ဝက်ကျိုးချိန်၌ ဥရောပတွင် အကောင်းဆုံး ဂိုးပေါက်ကာကွယ်နိုင်သော ဂိုးသမား စာရင်းကို အားကစား သတင်း ၀က်ဘ်ဆိုက် Goal က အားကစားသတင်းအချက်အလက် စုဆောင်းရေး ကုမ္ပဏီ Opta မှ အချက်အလက်များကို အခြေခံ၍ ပြုစုထားရာတွင် ဘိုင်ယန်ဂိုးသမားနူအာမှာ နံပါတ် (၁) နေရာတွင် ရှိနေသည်။ဂိုးသမားနူအာမှာ ဘွန်ဒက်စ်လီဂါတွင် ဂိုးပေါက်ကာကွယ်မှု (၃၃) ကြိမ် ပြုလုပ်ထားပြီး ဂိုးသွင်းရန် ကြိုးပမ်းမှု စုစုပေါင်း ၈၉ ရာခိုင်နှုန်းကို ကာကွယ်ထားသည်။
ရိုးမားအသင်းဂိုးသမား မော်ဂန်ဒီဆန်စတစ်မှာ ဆီးရီးအေတွင် ဂိုးပေါက်ကာကွယ်မှု (၃၉) ကြိမ် ပြုလုပ်ထားပြီး ဂိုးသွင်းယူရန် ကြိုးပမ်းမှု စုစုပေါင်း ၈၂ ဒသမ ၉၉ ရာခိုင်နှုန်းကို ကာကွယ်နိုင်ခဲ့ပြီး ဒုတိယနေရာတွင် ရှိနေသည်။
မိုချန်ဂလာဘက် ဂိုးသမား ယန်ဆွမ်မာမှာ တစ်ဖက်အသင်း၏ ဂိုးသွင်းရန် ကြိုးပမ်းမှုများ ၈၂ ဒသမ ၄၂ ရာခိုင်နှုန်းကို ကာကွယ်ထားနိုင်ပြီး တတိယ နေရာတွင် ရှိနေသည်။
ဂျီနိုအာဂိုးသမား မက်တီးယားပါရင်က စတုတ္ထနှင့် အမြဲတမ်းပထမတန်း ဂိုးသမားနေရာ ရခဲ့သည့် ဘူဖွန်က ပဉ္စမ နေရာဖြင့် ဂိုးပေါက် ကာကွယ်နိုင်မှု အများဆုံး ဂိုးသမားစာရင်းတွင် အသီးသီးနေရာ ယူထားသည်။

No comments:

Post a Comment

back to top