Friday, January 2, 2015

မန်ယူအသင်း အဝေးကွင်းမှာ သရေတစ်မှတ်ယူ

နှစ်သစ်ရဲ့ အစောဆုံးပွဲဖြစ်သည့် ပရီမီယာလိဂ် ပွဲစဉ်(၂ဝ) စတုတ်စီးတီးနှင့် မန်ယူတို့ဇန်နဝါရီ ၁ ရက် ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
အိမ်ရှင်စတုတ်အသင်းသည် ပွဲစပြီး ၂ မိနစ်တွင် ပီတာခရော့ခ်ျ၏ ဖန်တီးမှုမှ တစ်ဆင့်ရှောခရော့စ်က ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ မန်ယူအသင်းသည် ချေပဂိုးရရှိရန် ပြန်လည်ဖိကစားခဲ့ရာ ပွဲချိန် ၂၆ မိနစ်တွင် မိုက်ကယ်ကာရစ် ဖန်တီးပေးသော ဘောလုံးကို တိုက်စစ်မှူး ဖယ်လ်ကာအိုက သွင်းယူခဲ့သည်။ ပထမပိုင်းတစ်ဂိုးစီ ရလဒ်မှာ ပွဲပြီးချိန်ထိ ထပ်မံပြောင်းလဲမှု မရှိခဲ့ပေ။ မန်ယူ အသင်းသည် ဘောလုံးပိုင်ဆိုင်မှု များခဲ့သော်လည်း အိမ်ရှင် စတုတ်အသင်းက ဂိုးသွင်းခွင့် အသာစီးရခဲ့သည်။ မန်ယူအသင်းသည် သရေတစ်မှတ်ရရှိကာ ၁ဝပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ရမှတ် ၃၇ မှတ်ဖြင့် အဆင့်သုံး၌ ဆက်လက် ရပ်တည်နေသည်။ စတုတ်အသင်းမှာ ရမှတ် ၂၆ မှတ် ရရှိထားသည်။ ဇန်နဝါရီ ၁၁ ရက်တွင် မန်ယူအိမ်ကွင်း၌ ဆောက်သမ်တန် အသင်းကို ဧည့်ခံကစားရမည် ဖြစ်သည်။

No comments:

Post a Comment

back to top