Monday, January 5, 2015

အင်ဒီမာရေး ကမ္ဘာ့တင်းနစ် ချန်ပီယံရှစ်ဖလား ဆွတ်ခူး

ဗြိတိသျှနာမည်ကြီး တင်းနစ် အားကစားသမား အင်ဒီမာရေးသည် အဘူဒါဘီ၌ ကျင်းပသော မူဘာဒါလာ ကမ္ဘာ့တင်းနစ်ချန်ပီယံရှစ် ဗိုလ်လု ပွဲတွင် ဂျိုကိုဗစ် နာမကျန်းဖြစ်ကာ ပြိုင်ပွဲမှ ထွက်ခွာသွား၍ ၂ဝ၁၅ ခုနှစ်အတွင်း ပထမဆုံးသောဖလား ဆွတ်ခူးသွားခဲ့သည်။
ကမ္ဘာ့နံပါတ်တစ် ဂျိုကိုဗစ်က သူ့အနေဖြင့် ဗိုလ်လုပွဲကစားရန် အသင့်မဖြစ်သေးကြောင်း ပြိုင်ပွဲမတိုင်မီ ပြောကြား ခဲ့သည်။ ''ဒီနေ့ ကျွန်တော် ဖျားနေတယ်။ ပြိုင်ပွဲ ကစားနိုင်တော့မှာ မဟုတ်ပါဘူး''ဟု အကြိုဗိုလ်လုပွဲတွင် ဆွစ်ဇာလန်မှ စတန်ဝါရင်ကာကို ၆-၁၊ ၆-၂ ဖြင့် နိုင်ခဲ့သော ဆားဘီးယားတင်းနစ် ကစားသမား ဂျိုကိုဗစ်က ဆိုသည်။
အင်ဒီမာရေးအနေဖြင့် အဆိုပါ ပြိုင်ပွဲ ဖလားဆွတ်ခူးလိုက်နိုင်၍ ဇန်နဝါရီ ၁၉ ရက်တွင် မဲလ်ဘုန်း၌ ပြိုင်ပွဲစတင်မည့် သြစတြေးလျအိုးပင်း အတွက် အလားအလာကောင်းများ ရရှိသွားခဲ့သည်။

No comments:

Post a Comment

back to top