Friday, January 2, 2015

အာဆင်နယ်ရဲ့ အထက်မှာ ဆောက်သမ်တန် ရပ်တည်နိုင်မယ်လို့ ရော်နယ်ကိုးလ်မန်း ယုံကြည်

ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးလ်မန်းက သူတို့အသင်းဟာ ရာသီကုန် အမှတ်ပေးဇယားမှာ အာဆင်နယ်ရဲ့ အထက်မှာ ရပ်တည်နိုင်မယ်လို့ ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ နှစ်သစ်ကူးပွဲစဉ်တွေ မကစားခင် ဆောက်သမ်တန်ဟာ အာဆင်နယ်ရဲ့အထက် အဆင့်(၄)မှာ ရပ်တည်နေပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ရာသီကုန်အထိ ဒီလိုရပ်တည်နိုင်မလားလို့ သတင်းထောက်တစ်ဦးက မေးရာမှာ ရော်နယ်ကိုးလ်မန်းက ``ကျွန်တော်ကတော့ ရပ်တည် နိုင်မယ်လို့ ထင်တာပဲ။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းရောက်အောင် ကြိုးစားနိုင်သေးတယ် လို့ ယုံကြည်ပါတယ်။ အခု ရာသီဝက် ကျိုးပြီဆိုတော့ အသင်းအားလုံးနဲ့ ကစားခဲ့ပြီးပါပြီ။ ရာသီအစက အဆင့်(၄)အတွင်းဝင်ဖို့ မျှော်လင့်ထားတယ်ဆိုရင် ယုတ္တိရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ အများကြီး ပြောင်းလဲသွားပြီ ဖြစ်သလို ကျွန်တော်တို့အသင်း ဘယ်လို ကစားနေသလဲကိုလည်း အားလုံးအတွေ့ပါ``လို့ ပြောပါတယ်။ ရော်နယ်ကိုးလ်မန်း လက်ထက်မှာ ဆောက်သမ်တန် အသင်းဟာ ပြိုင်ပွဲ အရပ်ရပ် (၂၃)ပွဲ ကစားထားပြီး နိုင်ပွဲ(၅၆.၅၂)ရာခိုင်နှုန်း ရခဲ့ပါတယ်။

No comments:

Post a Comment

back to top