Friday, January 2, 2015

လီဗာပူးအတွက် ဂျရတ်အရေးပါဆဲဟု နည်းပြရော်ဂျာကပြော

ယခုနှစ်ဘောလုံးရာသီအတွင်း ပွဲကစားချိန်များ လျော့နည်းခဲ့သော်လည်း အသင်းခေါင်းဆောင် စတီဗင်ဂျရတ်မှာ လီဗာပူးအတွက် အားထားရသော ဘောလုံးသမားတစ်ဦးဖြစ်နေဆဲ ဟု နည်းပြရော်ဂျာက ပြောကြားသည်။
အသက် (၃၄) နှစ်ရှိပြီဖြစ်သည့် ဂျရတ်မှာ ဘောလုံးသမားဘ၀ နောက်ဆုံးနှစ်များသို့ နီးကပ်လာပြီ ဖြစ်သော်လည်း လီဗာပူးက ၎င်းကို စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းထားေဲကြာင်း ရော်ဂျာက ဒီဇင်ဘာလဆန်းတွင် အတည်ပြုခဲ့သည်။ 
လီဗာပူးနှင့် ဂျရတ်၏ လက်ရှိစာချုပ်မှာ ရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
‘‘သူက အံ့သြစရာကောင်းတဲ့ ကစားသမားပါ။ လီဗာပူးအတွက်လည်း အံ့သြစရာ ကောင်းအောင် စွမ်းဆောင်ခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ လီဗာပူးနည်းပြ သက်တမ်းမှာ သူဟာ သိပ်ပြီး ခြေစွမ်းပြခဲ့ပါတယ်’’ ဟု ရော်ဂျာက ပြောသည်။
ထို့ပြင် ရော်ဂျာက ဆက်လက်ပြောကြားရာတွင် အင်္ဂလန်အသင်းနှင့် နိုင်ငံတကာပွဲ ကစားစဉ် ပေါင်ဒဏ်ရာ ရခဲ့ပြီးနောက် သြဂုတ်လ အတွင်းက လီဗာပူးအတွက် နောက်ဆုံးပါဝင် ကစားခဲ့သည့် စတာရစ်ခ်ျမှာ ဇန်န၀ါရီတွင် ဘောလုံး ပြန်ကစားနိုင်မည်ဟု ပြောသည်။
လီဗာပူးက အသစ်ခေါ်ယူထားသော တိုက်စစ်မှူး ဘာလော့တယ်လီမှာ ဂိုးသွင်းနိုင်ခြင်း မရှိဘဲ နောက်ထပ် လူသစ်တစ်ဦးဖြစ်သည့် ရစ်ကီလမ်းဘတ်မှာလည်း ပွဲထွက်ခွင့် အခိုင်အမာရရန် ကြိုးစားနေဆဲဖြစ်သည်။
ထို့ကြောင့် တိုက်စစ်ပိုင်း အားနည်းနေသော လီဗာပူးအတွက် စတာရစ်ခ်ျ ဇန်န၀ါရီလလယ် (သို့မဟုတ်) လကုန် ပိုင်းတွင် ပြန်ကစား ပေးနိုင်လိမ့်မည်ဟု ရော်ဂျာက ပြောသည်။ 

No comments:

Post a Comment

back to top