ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် ဟိုပင်မြို့နယ်နှင့် အင်းတော်ကြီးဒေသတို့မှ ပါတီဝင်များ ကို တွေ့ဆုံ
***********************************************************

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်နှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၅) ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဟိုပင်မြို့ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်/မြို့နယ် ပါတီအဆင့်ဆင့် မှ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် မြို့နယ်ပါတီကော်မတီဝင် ဦးဖြိုးမောက် (ဟိုပင်ဒေသတာဝန်ခံ)နှင့် မြို့နယ် ပါတီကော်မတီဝင် ဦးဖိုးထောင် (အင်းတော်ကြီးဒေသတာဝန်ခံ) တို့က ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း စည်းရုံးကွင်းဆင်းဆောင်ရွက်နေမှု အခြေ အနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် က တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားကာ ကျောင်းစိမ်းပုဆိုးများ၊ ဦးထုပ်များနှင့် အိတ်ဆောင် ပြက္ခဒိန် များ ပေးအပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment