မေဂျာလိဂ် ချန်ပီယံဆုကို အယ်လ်အေဂလက်စီအသင်း (၅)ကြိမ်မြောက် ရရှိ![]()
နောက်ဆုံးဗိုလ်လုပွဲကို အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပသည်။ ချန်ပီယံ အဆုံးအဖြတ်ဖြစ်တဲ့ အဲဒီပွဲမှာ အိုင်ယာလန် တိုက်စစ်မှူး ရော်ဘီကိန်းရဲ့ဂိုးနဲ့ အယ်လ်အေဂလက်စီက နယူးအင်္ဂလန်ရီဗော်လူးရှင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားသည်။ ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေပြီး ဒုတိယပိုင်း (၅၂)မိနစ်မှာ ဇာဒက်သွင်းဂိုးနဲ့ ဂလက်စီအသင်းက ဂိုးစတင်ရသည်။ ဒါပေမယ့် ခရစ်တစ်ဖနီက နယူးအင်္ဂလန်အတွက် (၇၉)မိနစ်မှာ ချေပဂိုးသွင်းလိုက်လို့ (၁)ဂိုး စီ သရေဖြစ်သွားသည်။ ဂလက်စီအတွက် အနိုင်ဂိုးကိုတော့ အိုင်ယာလန် တိုက်စစ်မှူး ရော်ဘီကိန်းက အချိန်ပို(၁၁၁)မိနစ်မှာ သွင်းယူလိုက်သည်။ ကိန်းဟာ ဒီနှစ်မေဂျာလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုကိုလည်း ရခဲ့သည်။ မေဂျာလိဂ်ပြိုင်ပွဲဟာ ဒီနှစ်မှာ (၁၉)ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ဂလက်စီအသင်းက (၂၀၀၂၊၂၀၀၅၊၂၀၁၁၊၂၀၁၂နဲ့၂၀၁၄) ခုနှစ်တွေမှာ (၅)ကြိမ်အထိ အကြိမ်အများဆုံး ရယူထားသည်။ ဂလက်စီအသင်းဟာ ဒုတိယဆုကိုလည်း (၁၉၉၆၊ ၁၉၉၉၊ ၂၀၀၁နဲ့ ၂၀၀၉) ခုနှစ်တွေမှာ လေးကြိမ် ရထားသည်။
|
အားမာန်သစ်
Tuesday, December 9, 2014
Labels:
အားကစားသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment