Thursday, December 4, 2014

အိန္ဒိယနိုင်ငံက အဏုမြူလက်နက် တင်ဆောင်နိုင်သော Agni-4 ဒုံးကျည်ကို စမ်းသပ် လွှတ်တင်


အိန္ဒိယနိုင်ငံက အဏုမြူလက်နက် သယ်ဆောင်နိုင်တဲ့ မဟာဗျူဟာမြောက် အဂ္ဂနီ-4(Agni-4) ဒုံးကျည်ကို ဒီဇင်ဘာလ (၂) ရက်နေ့က အရှေ့ဘက်သြရိဿ (Odish) ပြည်နယ်ကမ်းရိုးတန်းရှိ စမ်းသပ်စခန်းကနေ စမ်းသပ် လွှတ်တင်ခဲ့သည်။ မြေပြင်မှ မြေပြင်ပစ် အဏုမြူ ထိပ်ဖူးတပ်ဆင်ထားတဲ့ ဖျက်အားပြင်းတာလတ်ဒုံးကျည် (IRBM) ကို အိန္ဒိယစစ်တပ်ရဲ့ မဟာဗျူဟာတပ်ဌာနချုပ်မှ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ အဆင့် အမျိုးအစားတွေမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ အဲ့ဒီဒုံးကျည်ဟာ နည်းပညာအသစ်များစွာကို ပထမဦးဆုံးအနေနှင့် ပြသ လိုက်ခြင်းဖြစ်သည်။ ယခုလွှတ်တင်မှုသည် ဒီနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်လွှတ်တင်မှုဖြစ်ပြီး ပထမဒုံးကျည်ကို ဇန်န၀ါရီလ (၂၀) ရက်နေ့က ယခုလွှတ်တင်သည့် နေရာမှ အောင်အောင်မြင်မြင် လွှတ်တင်ခဲ့သည်ဟု စင်ဟွာသတင်းမှာ ဖော်ပြပါရှိသည်။

No comments:

Post a Comment

back to top