၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှ စတင်၍ ငါးနှစ်အောက် ကလေးတိုင်း သူငယ်တန်း မတက်မီ အကြို သင်ကြားရမည်
၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှ စတင်ပြီး သူငယ်တန်း မတက်မီ အသက်ငါးနှစ်အောက် ကလေးတိုင်း KG တန်း (သူငယ်တန်း မရောက်မီ အကြို သင်ကြား ခြင်း)ကို အခမဲ့ သင်ကြားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအကြို သင်ကြားခြင်း စနစ်ကို လာမည့် ပညာသင်နှစ်မှ စတင်မည်ဖြစ်ကာ သင်ကြား ပေးမည့် ဆရာ၊ ဆရာမများ အတွက် နည်းပညာ ပိုင်းဆိုင်ရာ များအား ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော သင်ကြားနည်းများကို တစ်လတာ သင်တန်းများ ပို့ချပေးပြီး အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြိုသင်ကြားခြင်းကို အခြေခံပညာကျောင်းပေါင်း၄၄၄ဝ၁ ကျောင်းမှ ငါးနှစ်အောက် ကျောင်းသား၊ ကျောင်းသူ ၁၅သိန်းအား စတင် အကောင် အထည် ဖော်သင်ကြား ပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင် ရာ ဖွံ့ဖြိုး ရေးသင်ကြားမှု၊ ဥာဏ်ရည် ဖွံ့ဖြိုးမှု ဆိုင်ရာ လက်တွေ့သရုပ်ပြမှု၊ ကလေးငယ်များ၏ တီထွင် နိုင်စွမ်းရှိမှု စသည့် လက်တွေ့သရုပ်ပြမှုများသာ သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေခံ ပညာကဏ္ဍ မူလတန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းကျော် ပညာသင်ကြားလျက်ရှိပြီး မူလတန်းအဆင့်မှ အလယ် တန်း အဆင့် ဆက်လက်ပညာ သင်ကြားမှု နည်းပါးခြင်းကြောင့် သူငယ်တန်းမတက်မီ အကြို သင်ကြားခြင်းကို စတင် သင်ကြားရန် စီမံကိန်း ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံပညာ ကဏ္ဍတွင် စာသင်ချိန်၊ သင်ယူနည်း၊ စစ်ဆေးနည်း၊ စာဖြေနည်း၊ ဒေသတစ်ခု၏ သင်ရိုး၊ တိုင်းရင်းသားများ၏ ဘာသာစကား သင်ယူ နည်း၊ သင်ရိုးနှင့် တွဲဖက် သင်ရိုးများ၏ အခန်းကဏ္ဍ၊ သင်ကြား သင်ယူနည်း စနစ်အားလုံးမှာ နိုင်ငံတစ်ဝန်း ကွဲပြားနေခြင်းကြောင့် တစ်ပြေးညီ တူညီစေရန် အခြေခံပညာ သင်ရိုးညွှန်း တမ်းမူ ဘောင်တစ်ခုတည်း ချမှတ်ပြီး ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment