Monday, December 8, 2014

အာဖဂန်နိုင်ငံ တည်ငြိမ်တိုးတက်ရေး အကူအညီပေးမည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အာဖဂန်နိုင်ငံတွင်းကနေ ဒီနှစ်ကုန်ပိုင်းမှာ ထွက်ခွာပြီးရင်တောင် နိုင်ငံတကာ အသိုင်း အ၀ိုင်းဟာ အာဖဂန်နိုင်ငံတည်ငြိမ်တိုးတက်ရေးအတွက် ဆက်လက်အကူ အညီပေးသွားမှာ ဖြစသည်ဟု သိရှိရပါသည်။ 
အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာတပ်များ ယခုနှစ်ကုန်ပိုင်းမှာ အာဖဂန်နိုင်ငံတွင်းမှ ထွက်ခွာပြီး ရင်တောင် အာဖဂန်နိုင်ငံကို ဆက်လက်အကူအညီပေးသွားမှာဖြစ်ကြောင်း နိုင်ငံပေါင်း (၆၀) ကျော်က ကိုယ်စားလှယ်များက သဘောတူညီလိုက်ပြီဖြစ်သည်။ ယခုကဲ့သို့ သဘောတူညီချက်ဟာ လန်ဒန်မြို့မှာ ဒီဇင်ဘာလ (၄) ရက်တုန်းက ကျင်းပခဲ့သည့် ၀န်ကြီးအဆင့် ညီလာခံမှာ ရရှိခဲ့ခြင်းဖြစ် သည်။
အာဖဂန်နိုင်ငံသားများ အတိတ်ကိုကျော်လွှားနိုင်ပြီး ယုံကြည်ချက်ရှိရှိ စည်းစည်းလုံးလုံးနဲ့ အနာဂတ်ကို ဦးတည်နေပြီဖြစ်ကြောင်း အာဖဂန်သမ္မတအာရှက်ဂန္ဒီက အခမ်းအနားမိန့်ခွန်းမှာ ပြောကြားသွားသည်။ အစိုးရသစ်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ စီးပွားရေးတိုးတက်ရေးနဲ့ လုံခြုံရေးပြန်လည် ရရှိရေးများကို လုပ်ဆောင်နေသည်ဟုလည်း ပြောကြားခဲ့သည်။
တိုကျိုမှာ (၂၀၁၂) ခုနှစ် ညီလာခံကျင်းပစဉ်က သဘောတူညီထားခဲ့တဲ့ အာဖဂန်နိုင်ငံကို အမေရိကန် ဒေါ်လာ (၁၆) ဘီလီယံ အကူအညီပေးရေးကိုလည်း နောက်နှစ်မတိုင်ခင်အထိ ဆက်လက်ပေးသွားဖို့ ကိုလည်း ညီလာခံကို တက်ရောက်လာသည့် ကိုယ်စား လှယ်များက ထပ်လောင်းသဘောတူညီခဲ့သည်။ ထို့အပြင် အလှူရှင်နိုင်ငံတွေအနေနဲ့ နောက်ထပ် (၂) နှစ်ကျော်ကြာအောင် အာဖဂန် နစ္စတန် နိုင်ငံကို အကူအညီပေးသွားရန်ကိုလည်း သဘောတူညီခဲ့ကြသည်။
(၁၃)  နှစ်ကြာ တပ်စွဲခဲ့တဲ့ နိုင်ငံတကာတပ်ဖွဲ့ဝင်များ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အခုနှစ်ကုန်ျွှာ ရပ်တန့်ပြီး အာဖဂန်နိုင်ငံတွင်းကနေ ထွက်ခွာမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ တပ်သားပေါင်း (၁) သောင်းခန့်ဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးရန် အာဖဂန်နိုင်ငံတွင်းမှာ ဆက်ရှိနေဦး မည်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ အာဖဂန်နိုင်ငံတွင်းမှာ ဆက်လက်ဖြစ်ပွား နေတာကြောင့် လုံခြုံရေး အခြေအနေတိုးတက်မှုမရှိသေးဘူးဟုလည်း ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top