မူဝါဒဆိုင်ရာကျွမ်းကျင်ပညာရှင် အက်ရှ်တန်ကာတာကို ကာကွယ်ရေးဝန်ကြီး အဖြစ် အိုဘားမား အဆိုပြု

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ကာကွယ်ရေးနှင့် မူဝါဒဆိုင်ရာ ဝါရင့်ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သူ အက်ရှ်တန် ကာတာကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် ရွေးချယ် အဆိုပြုခဲ့ကြောင်းသိရသည်။
အသက် ၆ဝ အရွယ်ရှိ ကာတာသည် မူဝါဒရေးရာ ကျွမ်းကျင်ပညာရှင်အဖြစ် ကာကွယ်ရေးဝန်ကြီး ၁၁ ဦးအတွက် တာဝန်ထမ်းဆောင် ပေးခဲ့သူ တစ်ဦးဖြစ် သည်။ ကာတာသည် အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ချက် ဟေဂယ်လ်၏ တာဝန်ကို လွှဲပြောင်းထမ်းဆောင် သွားမည် ဖြစ်သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်လ်သည် အီရတ်နှင့်ဆီးရီးယားနိုင်ငံတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ၎င်း၏ စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်ရှိနေသည်ဟူသော ဝေဖန်ချက် များနှင့် အိမ်ဖြူတော်မှ ချမှတ်ထားသော မူဝါဒ အပေါ်တွင်လည်း သြဇာလွှမ်းမိုးမှု မရှိဟူသော ဖိအားပေး ပြောကြားချက်များကြောင့် ရာထူးမှနုတ်ထွက်သွားခဲ့ပြီး ကာတာကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ရွေးချယ် အဆိုပြုသည့် အိမ်ဖြူတော်အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိဟုသိရသည်။ ကာတာ သည် ယေးလ်တက္ကသိုလ်မှ ရူပဗေဒနှင့် အလယ်ခေတ် သမိုင်း ဘာသာရပ်တို့ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ပြီး အောက်စဖို့ဒ် တက္ကသိုလ် မှ အယူအဆဆိုင်ရာ ရူပဗေဒ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိထားသူ ဖြစ်သည်။
No comments:
Post a Comment