Monday, December 8, 2014

အီဘိုလာရောဂါ တားဆီးရေးဆွေးနွေးပွဲ ကျင်းပမည့်အင်အားကြီး နိုင်ငံ (၈) နိုင်ငံ

အနောက်အာဖရိကနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကို တားဆီးကာကွယ်ရေးအတွက် ဆွေးနွေး ပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကျင်းပမှာဖြစ် တယ်လို့ သိရပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ မက္ကဆီကိုနိုင်ငံတို့ အပါအ၀င် အင်အားကြီးနိုင်ငံ (၈) နိုင်ငံမှ ကျန်းမာရေး ၀န်ကြီး တွေဟာ အီဘိုလာရောဂါကူးစက်ပျံ့ပွားမှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁၁) ရက် မှ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ကြောင်း သိရှိရပါသည်။
အင်အားကြီးနိုင်ငံ (၈) နိုင်ငံက ကျန်းမာရေး ကိုယ်စားလှယ် ခေါင်းဆောင်တွေဟာ ကမ္ဘာ့ကျန်းမာရေးလုံခြုံမှု ဦးစားပေးအစည်း အဝေးကို သတ်မှတ်ထား သည့်အတိုင်း ဒီဇင်ဘာလ (၁၁) ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ အနောက်အာဖရိက နိုင်ငံမှာဖြစ်ပွား နေသည့် အီဘိုလာ ရောဂါဖြစ်ပွား မှုနဲ့ သက်ဆိုင်တဲ့ နောက်ဆုံးသတင်း အချက် အလက်တွေကို အစည်းအဝေးမှာ တင်ပြသွားမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO မှ တာဝန်ရှိသူများက ထုတ်ပြန်လိုက်သည်။
ထို့အပြင် ရောဂါဖြစ်ပွားသူများကို ရောဂါခြေချုပ်ထားရှိရေးနှင့် ကြိုတင်ကာကွယ်ရေး စစ်ဆေးမှုတွေအပြင် အီဘိုလာ ကူးစက်ခံရသူဟု သံသယဖြစ်ဖွယ် လူနာများ ကိုလည်း ဆေးပစ္စည်းအထောက်အပံ့များ လုံလုံလောက်လောက် ပေးသွားမည့်အချက်များလည်း ထည့်သွင်း ဆွေးနွေးကြမှာဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

back to top