Tuesday, December 9, 2014

မန်မာနိုင်ငံသည် ဒီဇင်ဘာ ၁ ရက်မှစ၍ ဇီဝလက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်၏ (၁၇၁) နိုင်ငံမြောက် အဖွဲ့ ဝင် နိုင်ငံဖြစ်လာ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် (၁.၁၂.၂၀၁၄) ရက်မှ  (၅.၁၂.၂၀၁၄) ရက်အထိ ပြုလုပ်သည့် ဇီဝ လက်နက် တားဆီးပိတ်ပင်ရေး စာချုပ် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်လျက် ရှိသည့် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်သည် ဇီဝလက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးထားသည့် Instrument of Ratification အား စာချုပ်ထိန်းသိမ်းသည့် နိုင်ငံများ ဖြစ်သော ရုရှားဖက်ဒရေးရှင်း၊ ယူနိုက်တက်ကင်းဒမ်း၊ အမေ ရိကန်ပြည်ထောင်စု ကိုယ်စားလှယ်များထံသို့ ၁.၁၂.၂၀၁၄ ရက်တွင် ပေးအပ်ခဲ့သည်။
ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး၏ (၄.၁၂.၂၀၁၄) ရက် နံနက်ပိုင်းက ကျင်းပသည့် အစည်းအဝေး၌ မြန်မာနိုင်ငံသည် (၁.၁၂.၂၀၁၄) ရက်မှ စတင်၍ ဇီဝ လက်နက်တားဆီးပိတ်ပင်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာပြီဖြစ်ကြောင်း အစည်း အဝေး သဘာပတိဖြစ်သူ ဆွစ်ဇာလန်နိုင်ငံ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး အုစ်ရှမစ်ဒ်က ကြေညာ ခဲ့သည်။ ထို့နောက် စာချုပ်ထိန်းသိမ်းသည့်နိုင်ငံများဖြစ်သော ရုရှားဖက်ဒရေးရှင်း၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၏ ကိုယ်စား လှယ် များက မြန်မာနိုင်ငံအား ကြိုဆိုကြောင်း မိန့်ခွန်းအသီးသီးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယ ၀န်ကြီး ဦးသန့်ကျော်က ကျေးဇူးတင်ကြောင်း၊ စာချုပ်ပါ အချက်အလက်များ အကောင်အထည်ဖော်ရာတွင် ပိုမိုခိုင်မာမှု ရှိစေရန် စာချုပ်ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း အစရှိသည့် အချက်များပါဝင်သည့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် (၁.၁၂.၂၀၁၄) ရက်မှစတင်၍ ဇီဝလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်၏ (၁၇၁) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ပြီဖြစ်သည်။

No comments:

Post a Comment

back to top