Tuesday, December 9, 2014

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် (မိတ္ထီလာ)သို့ ကျောင်းသူများ ကိုပါ တက်ရောက်ခွင့် ပေးမည်

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်(မိတ္ထီလာ)သို့ ဝင်ခွင့်ဦးရေကို ယခု ပညာသင်နှစ်တွင် ကျောင်းသူများကိုပါ တက် ရောက် ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေကြောင်း တက္ကသိုလ်၌ ဘာသာရပ် ငါးမျိုး ရှိပြီး သင်တန်း တက်ရောက်လိုသော သူများသည် ပထမနှစ်မှ BE အထိ ခြောက်နှစ် တက်ရောက်ရမည် ဖြစ်သည်။ လျှောက်ထားသော ကျောင်းသူ များထဲတွင် အမှတ်တူသော သူများ ရှိလျှင် ဝင်ခွင့် ဦးရေကို အနည်းငယ် တိုးမြှင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် မိတ္ထီလာ အတွက် ယခုနှစ်တွင် ကျောင်းသားဦးရေ ၁၈၇ ဦး၊ ကျောင်းသူ ဦးရေ ၃ဝ ဦး ဝင်ခွင့် ပြုထားပြီး ယောက်ျားလေး ရမှတ် ၄၄၄ မှတ်၊ မိန်းကလေး ၄၄၈ မှတ် ရရှိရန် လိုအပ်ကြောင်း အဆိုပါ တက္ကသိုလ်မှ သိရသည်။
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် (မိတ္ထီလာ)၌ ဝင်ခွင့်ရသော ကျောင်းသား၊ ကျောင်းသူ များကို မြန်မာနိုင်ငံ၌ ရှိသော စက်ရုံများ၊ ဌာနများ၌ တာဝန် ထမ်းဆောင်နိုင်သော လူ့စွမ်းအား အရင်း အမြစ်များ အဖြစ် မွေးထုတ် ပေးနိုင်ရန်ဖြစ်ပြီး မိန်းကလေး များကိုလည်း ယခုနှစ်တွင် စတင်ခေါ်ယူ ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း အတွက် နိုင်ငံတကာသုံး ဘွဲ့လက်မှတ်ဖြစ်ရန် ဆောင်ရွက် နေကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

No comments:

Post a Comment

back to top