Tuesday, December 9, 2014

အံ့ဖွယ်မြို့ကြီး ခုနစ်ခုထဲ လာပတ်ဇ် ပါဝင်ဖို့ ဘိုလီဗီးယား ပြည်သူတွေ မျှော်လင့်


ယခု စနေနဲ့ တနင်္ဂနွေမှာ အံ့ဖွယ်မြို့သစ်ကြီး (၇)ခုထဲက (၁)ခုအဖြစ် လာပတ်ဇ်မြို့ကို ရွေးချယ်ဖို့ ဘိုလီး ဗီးယား ပြည်သူတွေ မျှော်လင့်ထား ကြောင်း သိရသည်။
ဒီဇင်ဘာလ (၆)ရက်နေ့က မင်္ဂလာမောင်နှံ တစ်တွဲ အပါအ၀င် လူငယ်လူကြီးတွေ လမ်းပေါ် ချီတက်လာကြပြီး Trillizos တံတားမှာ ဆေးတွေ ရေးခြယ်ကြကြောင်း သိရသည်။ အံ့ဖွယ်မြို့ကြီး (၇)မြို့ ရွေးချယ်ပွဲရဲ့ နောက်ဆုံး စာရင်းထဲမှာ ဘာစီလိုနာ၊ ဘေရု၊ ချီကာဂို၊ ဒိုဟာ၊ ဒါဘန်၊ ဟာဗားနား၊ ကွာလာလမ်ပူ၊ လန်ဒန်၊ မက္ကစီကိုဆီးတီး၊ ပါ့တ်၊ ကွစ်တို၊ Reykjavik(ရိခ်ဂျာဗစ်ခ်)နဲ့ ဗီဂန်တို့ အပါအ၀င် (၁၄)မြို့ကို ရွေးချယ် ထားပါတယ်။ ဒီရွေးချယ်ပွဲကို မျူးနစ်ခ်ျနဲ့ ဇူးရစ်ခ်ျ အခြေစိုက် New7Wonders အဖွဲ့က ဦးစီး ပြုလုပ်ခြင်းဖြစ်သည်။
(၂၀၁၂) ခုနစ်တည်းက ကျင်းပလာခဲ့တာဖြစ်ပြီး၊ ရည်ရွယ်ချက်က မြို့ပြစီမံကိန်း၊ မြို့တော် အစိုးရ၊ ခရီးသွား လုပ်ငန်းနဲ့ ဗိသုကာ နယ်ပယ်တွေကို ပိုပြီး အာရုံစိုက် ဆောင်ရွက်စေချင်တာ ဖြစ်တယ်လို့ News7Wonders တည်ထောင်သူ ဥက္ကဌ ဘန်းနာ့တ်ဝက်ဘာက ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါသည်။

No comments:

Post a Comment

back to top