Monday, December 8, 2014

တရုတ်နိုင်ငံတွင် ကမ္ဘာ့အရှည်ဆုံးမီးရထားကွန်ရက် ဖောက်လုပ်မည်



တရုတ်နိုင်ငံတွင် ကီလိုမီတာ ၈၅ဝဝ ကျော် အကွာအဝေးရှိသော မြေအောက်မီးရထား ကွန်ရက်စနစ် တစ်ခုကို ၂ဝ၂ဝ ပြည့်နှစ်တွင် ဖောက်လုပ် သွားရန် မျှော်မှန်းထားကြောင်း၊ ယင်းမီးရထား ကွန်ရက် စနစ်သည် ကမ္ဘာ့အရှည်ဆုံး မြေအောက်မီးရထား ကွန်ရက် ဖြစ်ကြောင်း အစိုးရအဖွဲ့က ဒီဇင်ဘာ ၅ ရက် တွင် ပြောကြား ခဲ့သည်။
အဆိုပါ မြေအောက်မီးရထား ကွန်ရက်စနစ်ကို ယခုနှစ် အကုန်တွင် ကီလိုမီတာ ၃ဝဝဝ ကျော် ခရီးအကွာ အဝေးအထိ တည်ဆောက် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီး ယန်ချွန်တန် ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် China Daily သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ မြေအောက်မီးရထား ကွန်ရက်စနစ်ကို တိုးချဲ့ဖောက်လုပ်ခြင်းသည် ပေကျင်းမြို့ရှိခရီး သွားလာရေး အဆင်မပြေမှုများကို လျော့ပါးသွား စေနိုင်ပြီး အစိုးရအဖွဲ့က ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ် များကို တိုးမြှင့်ရာတွင် ငွေကြေးထောက်ပံ့မှုများ ပိုမိုထောက်ပံ့ပေးနိုင် မည်ဖြစ်ကြောင်း ပေကျင်းမြို့ရှိ ဒုတိယမြို့တော်ဝန် တိုင်ကျွန်လျန်က ပြောကြားခဲ့သည်။
နိုင်ငံအတွင်း မြေအောက်မီးရထား စနစ်ကိုတိုးချဲ့ ဖောက်လုပ်ခြင်းဖြင့် မီးရထားလိုက်ပါ စီးနင်းသူ အရေ အတွက်မှာ ၁ဝ သန်းကျော်ထိ တဖြည်းဖြည်း မြင့်တက် လာမည် ဖြစ်သည်ဟု သိရသည်။
သို့ရာတွင် မြေအောက်မီးရထားစနစ်အချို့တွင် အမှုထမ်းအရေအတွက် လုံလောက်မှု မရှိကြောင်း၊ အချို့မှာ အဆင့်မြင့် နည်းပညာ များကို ကိုင်တွယ် ထိန်းသိမ်းနိုင်သည့် အရည်အချင်း မပြည့်ဝကြောင်း ဟိုင်ကျွန် လိုင်းက ဆက်လက်ပြောကြားခဲ့သည်။


No comments:

Post a Comment

back to top