Tuesday, December 9, 2014

ဆစ်ဒနီမြို့တွင် ဆန်တာကလော့ခ် ၀တ်စုံနှင့် လူပေါင်း (၂၅၀၀)ကျော် အပြေးပြိုင်

Variety ဗာရိုင်တီ ကလေးသူငယ် ထောက်ပံ့ကူညီရေး အဖွဲ့ကြီးအတွက် ရန်ပုံငွေ ရရှိဖို့ ဒီဇင်ဘာလ (၇) ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဆန်တာကလော့ခ် ၀တ်စုံကို ၀တ်ဆင်ထားကြသူပေါင်း (၂၅၀၀) ကျော်ဟာ လမ်းတွေပေါ်မှာ အပြေးပြိုင်ခဲ့ကြောင်း သိရသည်။
ဒါလင်ဆိပ်ကမ်းမှ စတင်ပြီး ဆစ်ဒနီ အော်ပရာ ကဇာတ်ရုံအထိ လမ်းတစ်လျှောက်မှာ ဆန်တာကလော့ခ် တွေက ပြေးလိုက်၊ လမ်းလျှောက်လိုက်၊ ကလိုက်နဲ့ သွားခဲ့ကြပါတယ်။ (၅)ကီလိုမီတာ အပြေးပြိုင်ပွဲမှာ စတီဗင်ဘောက်ချာက အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဗာရိုင်တီအဖွဲ့ကြီးဟာ အမျိုးသား အကျိုးအမြတ် မဓာန မထားတဲ့ အဖွဲ့ကြီး တစ်ခုဖြစ်ပြီး သြစတြေးလျရှိ ချို့တဲ့၊ နွမ်းပါးတဲ့ ကလေးငယ်တွေ၊ မကျန်းမာတဲ့ ကလေးငယ် တွေနဲ့ အထူးကူညီစောင့်ရှောက်မှုကို လိုအပ်နေတဲ့ ကလေးငယ်တွေကို ထောက်ပံ့ ကူညီမှုတွေ ပေးအပ်နေခြင်းဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါသည်။

No comments:

Post a Comment

back to top