ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၆)
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၆)ကို ဒီဇင်ဘာ ၁ဝ ရက်မှာ ဆက်လက်ယှဉ်ပြိုင်ကစားမည်။ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ဘာစီလိုနာအတွက် ဒီပွဲစဉ်ဟာ အကြိတ်အနယ်ကစားရမယ့် ပွဲဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အခုပွဲကို အနိုင်ကစားဖို့ စိတ်ဓာတ်ပြင်းပြင်းနဲ့ ဘာစီလိုနာကို ရင်ဆိုင်မှာဖြစ်ပြီး ရဲရဲဝံ့ဝံ့ ထိုးဖောက်ကစားတတ်တဲ့ တိုက်စစ်မှူးတွေကြောင့် ဘာစီလိုနာတို့ ဟန်ချက်ပျက်သွားနိုင်ပါတယ်။
ရိုးမားနှင့် မန်စီးတီး ရိုးမားကွင်းမှာ မန်စီးတီးတို့ ခြေကုန်ထုတ်ရမယ့်ကိန်းပါပဲ။ မန်စီးတီးဟာ အသင်းလိုက် ကစားအားကောင်းပြီး အနိုင်ရလိုစိတ် ပြင်းထန်တာမို့ ဒီပွဲမှာ ရိုးမားကိုအနိုင်ကစားဖို့ အားထုတ် ပါလိမ့်မယ်။ဘိုင်ယန်မြူးနစ်နှင့် CSKA မော်စကို ဘိုင်ယန်မြူးနစ်ဟာ အိမ်ကွင်းမှာ CSKA မော်စကိုကို ဖိအားပေးကစားဖို့ ကြိုးစားပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ်အတွက် ဒီပွဲဟာ အနိုင်ကလွဲပြီး အခြား ရလဒ်မထွက်နိုင်ပါဘူး။
ချယ်လ်ဆီးနှင့် စပို့တင်းလစ္စဘွန်း
ဒီပွဲဟာ စပို့တင်းအတွက် ချယ်လ်ဆီးအသင်းကို ဖိအားပေးကစားနိုင် မလားကြည့်ရမယ့် အနေအထားဖြစ်တာမို့ အဝေးကွင်းဆိုပေမယ့် အမာခံ ကစားသမားတွေနဲ့ ကစားပါလိမ့်မယ်။ မော်ရင်ဟိုအတွက် ချယ်လ်ဆီးကစား သမားတွေ ရလဒ်ကောင်း ဆောင်ကြဉ်းနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။
ပေါ်တိုနှင့် ရှက်တာဒိုးနက်
ပေါ်တိုဟာ အခုပွဲကို သေသေချာချာပြင်ဆင်ကစားပါလိမ့်မယ်။ ရှက်တာ ဒိုးနက်တို့က အဆုံးသတ်အားနည်းတဲ့ တိုက်စစ်မှူး တွေကြောင့် အခြေအနေ ကောင်းနဲ့ ဆုံတွေ့နိုင်ဖို့မလွယ်ပါဘူး။
မာရီဘောနှင့် ရှော်လ်ကေး နှစ်သင်းစလုံးအတွက် ခြေစွမ်းအပြိုင်ပုံဖော်ကြမယ့် ပွဲဖြစ်ပါတယ်။ ရှော်လ်ကေးဟာ ဒီပွဲဟာ ခြေကုန်ထုတ်ပြီး မာရီဘောကို အခက်တွေ့အောင် ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် အကြိုက်က အိမ်ရှင်ပါပဲ။
အေဂျက်ဇ်နှင့် အေပိုးလ် အေဂျက်ဇ်အတွက် နိုင်ပွဲရယူမယ့်ပွဲအဖြစ် ပုံဖော်ပါလိမ့်မယ်။ အေဂျက်ဇ် ကစားသမားတွေဟာ အိမ်ကွင်းမှာ အားထုတ်မှု ပိုမြင့်မားတတ်တာမို့ အေပိုးလ် အတွက် ပွဲကျပ်ဖြစ်ပါလိမ့်မယ်။ အေပိုးလ်တို့က ခံစစ်ပိုင်းအားနည်းမှု ရှိနေတာကြောင့် ဒီပွဲမှာ မျှော်လင့်ချက်ကြီးကြီးမားမားထားလို့မရနိုင်ပါဘူး။
|
No comments:
Post a Comment