Tuesday, December 9, 2014

စီရိုနယ်ဒိုနှင့်အပြိုင် မက်ဆီ ဟက်ထရစ် ဂိုးသွင်း



စပိန်လာလီဂါပွဲစဉ် (၁၄)လက်ကျန် ပွဲအဖြစ် ဘာစီလိုနာနှင့် အက်စ်ပန် ညိုတို့ ဒီဇင်ဘာ ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာတို့ ငါးဂိုး-တစ်ဂိုးဖြင့်နိုင်ကာ ဇယား ဒုတိယနေရာ ပြန်ရောက်လာသည်။
ယင်းပြိုင်ပွဲတွင် ထူးခြားသည်မှာ မက်ဆီက စီရိုနယ်ဒိုနှင့်အပြိုင် ဟက်ထရစ် ဂိုးသွင်းယူပေးလိုက်ခြင်း ပင်ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ် မက်ဆီက ပထမပိုင်းမှာပင် နှစ်ဂိုး သွင်းယူပေးခဲ့သည်။ ဧည့်အသင်း အတွက် တစ်လုံးတည်းသောဂိုးကို ဂါစီယာက သွင်းယူခဲ့သည်။ မက်ဆီ ဒုတိယဂိုးသွင်းပြီး တတိယဂိုးကို ပီကေးက ခေါင်းတိုက်ဂိုးဖြင့် သွင်းယူခဲ့သည်။ ပက်ဒရိုက စတုတ္ထဂိုး သွင်းယူပြီးနောက် မက်ဆီက ပဉ္စမဂိုး သွင်းယူသည်။ ယမန်နေ့က ရီးရဲမက်ဒရစ်က ဆဲဂ်တာဗီဂိုအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ကစားရာတွင်လည်း စီရိုနယ်ဒိုက ဟက်ထရစ်ဂိုး သွင်းယူခဲ့သည်။

No comments:

Post a Comment

back to top