ရထားပို့ဆောင်ရေး ကဏ္ဍတွင် ပုဂ္ဂလိက ကုမ္ပဏီများ ဝင်ရောက် လုပ်ကိုင်နိုင်ရန် ဆက်လက် ခွင့်ပြု ပေးသွား မည်
ရထားပို့ဆောင်ရေး ကဏ္ဍတွင် ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခုကို လမ်းပိုင်း နေရာနှစ်ခု၌ စတင် စမ်းသပ် လုပ်ကိုင် စေခဲ့ပြီးနောက် အခြား ရထား ခရီး စဉ်များ အတွက်လည်း ထပ်မံ ခွင့်ပြုပေးသွားရန် စီစဉ်နေကြောငရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
မြန်မာ့မီးရထား အနေဖြင့် မကြာသေးမီက ရထားပို့ဆောင်ရေး ခရီးစဉ် နှစ်ခုဖြစ်သော မန္တလေး-မြစ်ကြီးနား ရထားပြေးဆွဲမှုနှင့် ပုဂံ-ကျောက်ပန်း တောင်း ရေနွေးငွေ့ စက်ခေါင်း အထူးရထား ပြေးဆွဲမှုတွင် ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခုသို့ ပထမဆုံးအကြိမ် အဖြစ် ဝင်ရောက် ပြေးဆွဲခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ ''ပုဂ္ဂလိက ကုမ္ပဏီ တွေ ပါဝင်လာမှုကို ကျွန်တော့် အနေနဲ့ ကြိုဆို ပါတယ်။ ဘယ်လမ်းပိုင်း၊ ဘယ်နေရာမှာ ပူးပေါင်း ဆောင် ရွက်လိုတယ်ဆိုတဲ့ စိတ်ဝင်စားမှုတွေ ရှိရင် လာရောက် ဆွေးနွေးလို့ ရပါတယ်'' ဟု ၎င်းက ဆက်လက် ပြောသည်။ ပြည်ပမှ ရထားစက်ခေါင်းနှင့် တွဲသစ်များ ဝယ်ယူ တင်သွင်း၍ မြန်မာ့မီးရထားနှင့် ပူးပေါင်းကာ လိုအပ်သော လမ်းပိုင်း၌ ခရီးစဉ်များ ပြေးဆွဲ ဆောင်ရွက်နိုင်ရန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ (EOI) ခေါ်ယူမှု ပြုလုပ်ထားပြီး ဖြစ်သည်။
EOI ခေါ်ယူ ထားပြီးနောက် ယခု အချိန်အထိ ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီ ၁၁ ခု ဆက်သွယ် ကမ်းလှမ်းထားသည်။ ယင်း အဆိုပြုလွှာ များကို စိစစ်ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် တင်ဒါ ခေါ်ယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား ခရီးသည်ဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးအောင်မြင့်လှိုင် ကပြောသည်။ တင်ဒါအောင်မြင်သော ကုမ္ပဏီအနေဖြင့် ၎င်းတို့ တင်ပြ လျှောက်ထား သော ခရီးသည်တင် ရထား သို့မဟုတ် ကုန်တင်ရထား ပြေးဆွဲမှုကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ တင်ဒါ ခေါ်ယူထားခြင်း မရှိသေးသောကြောင့် မည်သည့်လမ်းပိုင်းတွင် ပုဂ္ဂလိက ကုမ္ပဏီများ ထပ်မံဝင်ရောက် လုပ်ကိုင် လာမည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက် ပြောသည်။
No comments:
Post a Comment