Tuesday, December 9, 2014

မားစ်ဂြိုဟ်ပေါ်တွင် မြင်ရခဲလှသည့်ထူးဆန်းသည့် စက်ဝိုင်းပုံ ရုပ်ပုံများ ရိုက်ကူးရရှိ

မားစ်ဂြိုဟ်အား မကြားခင်က ပြုလုပ်ခဲ့သည့် စူးစမ်းလေ့လာမှုတွင် သိပ္ပံပညာရှင်များက ထူးဆန်းအံ့သြဖွယ် တွေ့ရခဲသည့် ရှင်းပြ၍မရနိုင်သော ဖွဲ့စည်း တစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
မားစ်ဂြိုဟ်၏ လပတ် လမ်းကြောင်းအား ကင်းထောက် လှမ်းသည့် ယာဉ်ကြီးမှ (၁.၂) မိုင်ကျယ်ဝန်းသည့် အ၀ိုင်းပုံသဏ္ဍာန် ဖွဲ့စည်းမှု အစိုင်အခဲ တစ်ခုကို Red Planet’s Athabasca Valles နယ်ပယ်အတွင်းတွင် တွေ့ရှိခဲ့ ရကြောင်းသိရှိရပါသည်။
ပုံတွင် တွေ့ရသည့် မြွေများစုပုံနေသည့် အစုလိုက်အပုံလိုက် ပုံသဏ္ဍာန်သည် မည်သည့်အရာဆိုသည်ကို အဖြေထုတ်ရန် မလွယ်ကူသေးသော် လည်း  NASA မှထုန်ပြန်ရှင်းလင်းချက်အရ ထိုစက်ဝိုင်း ပုံ အစိုင် အခဲ သည် ချောရည်များစီးဆင်းနေသည့် ပင်လယ်တစ်ခုက ၀န်းရံထားသည့် စက်ဝိုင်း ပုံ ကျွန်းစုတစ်ခု နှင့် တူသည်ဟု ပြောကြားထားသည်ဟု သိရှိရပါသည်။
 ထိုကြောင့် ဖြစ်နိုင်ချေ အရှိဆုံးကမူ ထိုပုံသဏ္ဍာန်သည် မီးတောင်ဖြစ်နိုင်သည်ဟူသော ယူဆမှုများက အဓိက အဖြစ်ရှိနေသည်ဟု သိရှိရ ပါသည်။ ထိုပုံများကို မားစ်ဂြိုဟ်၏လပတ်လမ်းကြောင်းအား ကင်း ထောက်လှမ်း သည့်ယာဉ်ကြီးမှ ထောက်လှမ်းသည့် ကိရိယာတစ်ခု ဖြစ်သည့် HiRISE ကင်မရာဖြင့်ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

back to top