Monday, December 8, 2014

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်မည့် AFC Cub ပြိုင်ပွဲ

အာရှဘောလုံးအဖွဲ့ချုပ်သည် ဒေသတွင်းနိုင်ငံများမှ ကလပ်အသင်းများအတွက် ပြိုင်ပွဲ သုံးခု ကျင်းပပေးလျက်ရှိပြီး မြန်မာကလပ်အသင်းများသည် AFC Cup ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထားသော အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ၂ဝ၁၅ ခုနှစ်မှစ၍ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပလျက်ရှိသည့် ဒုတိယအဆင့်အမြင့်ဆုံးကလပ် ပြိုင်ပွဲဖြစ်သည့် AFC Cup ပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ကျင်းပမည် ဖြစ်သည်။ အဆိုပါ၂ဝ၁၅ AFC Cup ပြိုင်ပွဲကို အသင်းပေါင်း ၃၂ သင်းဖြင့် ကျင်းပ သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက ဝင်ခွင့်နှစ်နေရာ ရရှိထားသည်။ အမှတ်ပေးချန်ပီယံ အသင်းနှင့် ရှုံး/ထွက်ချန်ပီယံအသင်းတို့ကို ယှဉ်ပြိုင်ခွင့်ပြုလေ့ရှိပြီး ၂ဝ၁၅ ပြိုင်ပွဲကို ရတနာပုံ ((MNL အမှတ်ပေး ချန်ပီယံ)၊ ဧရာဝတီ(MFF Cup ရှုံး/ထွက် ချန်ပီယံ)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရတနာပုံအသင်းမှာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ Play-off အဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိထားရာ အကယ်၍ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါက AFC Cup ပြိုင်ပွဲကို အမှတ်ပေးပြိုင်ပွဲ၌ ဒုတိယဆု ရရှိခဲ့သည့် ရန်ကုန်အသင်းက အစားထိုးယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။
မြန်မာကလပ်များသည် AFC Cup ပြိုင်ပွဲကို၂ဝ၁၂ ခုနှစ်က ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ၂ဝ၁၂ ပြိုင်ပွဲတွင် ရန်ကုန် နှင့် ဧရာဝတီ၊ ၂ဝ၁၃ ခုနှစ် ပြိုင်ပွဲတွင် ရန်ကုန်နှင့် ဧရာဝတီ၊ ၂ဝ၁၄ ပြိုင်ပွဲတွင် ရန်ကုန်နှင့် နေပြည်တော်အသင်းများ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာ ကလပ်အသင်းများသည် AFC Cup ပြိုင်ပွဲတို့တွင် ကြီးကြီးမားမား အောင်မြင်မှု မရသေးဘဲ အမြင့်ဆုံးအဖြစ် ၂ဝ၁၃ ပြိုင်ပွဲတွင် ရန်ကုန်၊ ၂ဝ၁၄ ပြိုင်ပွဲတွင် ရန်ကုန်နှင့် နေပြည်တော်အသင်းတို့ ရှုံး/ထွက် အဆင့်သို့ တက်ရောက် နိုင်ခဲ့သည်။
၂ဝ၁၅ ပြိုင်ပွဲတွင် မြန်မာကလပ် အသင်းများသည် အုပ်စုအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး အုပ်စုပွဲစဉ် များကို ဖေဖော်ဝါရီ ၂၄ ရက်မှ မေ ၂၇ ရက်အထိ နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ AFC Presi- dent Cup ပြိုင်ပွဲတွင်သာ ချန်ပီယံဆု ရရှိဖူးသည့် မြန်မာကလပ်များအနေဖြင့် AFC Cup ပြိုင်ပွဲ တွင် အဆင့်တစ်ခု ရရှိရန် ပိုမိုကြိုးစားရမည် ဖြစ်သည်။

No comments:

Post a Comment

back to top