မြန်မာအလှမယ် ဟန်သီ Miss Internet ဆုနှင့် Miss Supranational Asia & Oceania ဆုများ ဆွတ်ခူးရရှိ
ဆဋ္ဌမအကြိမ်မြောက် ကျင်းပသည့် Miss Supranational 2014 ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ပိုလန်နိုင်ငံ၌ ယမန်နေ့က ကျင်းပခဲ့ရာ မြန်မာအလှမယ် ဟန်သီသည် ထိပ်ဆုံး ၁ဝ ဦးစာရင်း ဝင်ခဲ့ပြီး Miss Internet ဆုနှင့် Miss Supranational Asia & Oceania ဆုများ ဆွတ်ခူးခဲ့သည်။
Miss Supranational 2014 သရဖူကို အိန္ဒိယ အလှမယ် Asha Bhat က ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယဆုကို ထိုင်း အလှမယ် Pla Disramdong၊ တတိယဆုကို ဂါဘွန် အလှမယ် Maggaly Nguema၊ စတုတ္ထဆုကို အမေရိကန် အလှမယ် Allyn Rose၊ ပဉ္စမဆုကို အိမ်ရှင်ပိုလန် အလှမယ် Kasia Krzeszowska တို့က အသီးသီး ရရှိခဲ့ကြသည်။
ထို့ပြင် သီးခြားချီးမြှင့်သော Miss Supranational Europe ဆုကို ချက် အလှမယ် Jana Zapletalova၊ Miss Supranational Asia & Oceania ဆုကို မြန်မာအလှမယ် ဟန်သီ၊ Miss Supranational Africa ဆုကို အက်ကွာတိုရီရယ် အလှမယ် Maria Begona Andeme၊ Miss Supranational Americas ဆုကို ပေါ်တိုရီကို အလှမယ် Barbara Marrero တို့က ရရှိခဲ့ကြသည်။
အထူးဆုများ အဖြစ် Miss Congeniality ဆုကို ကနေဒါ အလှမယ်၊ Miss Photogenic ဆုကို ဒိန်းမတ် အလှမယ်၊ Miss Bikini ဆုကို ဆွီဒင် အလှမယ်၊ Best Smile ဆုကို မလေးရှား အလှမယ်၊ Miss Elegance ဆုကို အင်္ဂလန် အလှမယ်၊ Miss Internet ဆုကို မြန်မာအလှမယ်၊ Top Model ဆုကို တရုတ် အလှမယ်တို့ ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

No comments:
Post a Comment