Monday, December 8, 2014

ပရိသတ်အကြိုက်ဆုံး အနုပညာရှင်စာရင်းမှာ ဦးဆောင်နေတဲ့ နေတိုးနဲ့ သက်မွန်မြင့်

Focus Online မဂ္ဂဇင်းမှ ရွေးချယ်ချီးမြှင့်သည့် ပရိသတ် အကြိုက်ဆုံးအနုပညာရှင်စာရင်းတွင် နေတိုးနှင့် သက်မွန်မြင့်တို့ မဲအများဆုံးနှင့် ဦးဆောင်လျက်ရှိသည်။
ပြီးခဲ့သည့်နှစ်များက မဲအများဆုံးရရှိသည့်အနုပညာရှင် တစ်ဦးကိုသာ ဆုပေးအပ်လေ့ရှိသော်လည်း ယခုနှစ်တွင် အမျိုးသားဆုနှင့် အမျိုးသမီးဆု ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။
အမျိုးသားအနုပညာရှင်များတွင် နေတိုးက မဲအများဆုံးရရှိပြီး ၎င်း၏နောက်တွင် စိုင်းစိုင်းခမ်းလှိုင်နှင့် အောင်ရဲလင်းတို့ရှိနေသည်။
အမျိုးသမီးအနုပညာရှင်များတွင် သက်မွန်မြင့်က မဲအများဆုံးရရှိပြီး ၎င်း၏ နောက်တွင်  ၀တ်မှုံရွှေရည်နှင့် မိုးစက်ဝိုင်တို့က ရှိနေသည်။
ယင်းအစီအစဉ်တွင် ပါဝင်လိုသူများသည် Focus Online၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌   မိမိကြိုက်သည့် အနုပညာရှင်ကို ဒီဇင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ မဲပေးနိုင်မည်ဖြစ်သည်။
အနုပညာရှင်စာရင်းကို Focus Online က ရွေးချယ်ထားခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး အနုပညာရှင် ၃၀ ဦးစီ ပါဝင်သည်။ ဆုရရှိသည့် အနုပညာရှင်ကို ဒီဇင်ဘာ ၁၆ ရက်တွင်ကြေညာပေးမည်ဖြစ်ပြီး မဲအရေအတွက်နှင့် ပတ်သက်၍  အငြင်းပွား မှုများဖြစ်ပါက Focus Online အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည်ဟု ပြိုင်ပွဲပြုလုပ်သည့် အဖွဲ့အစည်းက ကြေညာထားသည်။

No comments:

Post a Comment

back to top