မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဖျော်ဖြေပွဲ နေပြည်တော်နှင့် မန္တလေးမြို့၌ ကျင်းပမည်
မြန်မာနှင့် တောင်ကိုရီးယား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်မြင့်မားစေရန်အတွက် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဖျော်ဖြေပွဲကို မြန်မာ နိုင်ငံရှိ တောင်ကိုရီးယား သံရုံးက ကြီးမှူးပြီး ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်များတွင် နေပြည်တော်နှင့် မန္တလေးမြို့များတွင် အခမဲ့ပြုလုပ်သွားရန် စီစဉ် နေကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့၌ ကျင်းပမည့် အာဆီယံ-ကိုရီးယား အထူးထိပ်သီး အစည်းအဝေး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၌ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဖျော်ဖြေ ပွဲကို ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဖျော်ဖြေပွဲတွင် တောင်ကိုရီးယားနိုင်ငံမှ တိုက်ကွမ်ဒို သရုပ်ပြကွက်များ၊ နာမည်ကြီး K Pop cover dance Fashion show များ ပါဝင်ပြသ ဖျော်ဖြေသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နာမည်ကြီး အဆိုတော်များလည်း ပါဝင်ဆင်နွှဲမည်ဖြစ်သည်။
ဖက်ရှင်ရှိုးတွင် နှစ်နိုင်ငံ ၀တ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရန် ရည်ရွယ်ချက်လည်း ပါဝင်သည်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဖျော်ဖြေမှုအဖြစ် ရန်ကုန် မှ ခရီးသွားယာဉ်များဖြင့် ထွက်ခွာပြီး နေပြည်တော်ရှိ MICC 2 တွင် ဒီဇင်ဘာ ၁၀ ရက် ညနေ ၆ နာရီမှ စတင်ကာ ယင်းဖျော်ဖြေရေးအစီအစဉ် များ စတင်ပြုလုပ်မည်ဖြစ်သည်။ယင်းအစီအစဉ်များကို ပြည်သူများ အခမဲ့ လာရောက်အားပေးနိုင်မည် ဖြစ်သည်။
ဆက်လက်ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ ညနေ ၄ ၄ာရီမှစတင်ကာ ဖျော်ဖြေရေး အစီအစဉ်များ စတင်မည်ဖြစ်ပြီး အခမဲ့ လာရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဖျော်ဖြေမှုအဖွဲ့သည် ခရီးသွားကားများဖြင့် ရန်ကုန်မှထွက်ခွာကာ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ရပ်တန့်ပြီး ဖျော်ဖြေမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်ား သိရသည်။
No comments:
Post a Comment