မြောက်အမေရိကရဲ့ ၀င်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကား Mockingjay, Part 1
အမေရိကန် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင် ဖို စွန့်စားခန်းဇာတ်ကား The Hunger Games : Mockingjay Part 1 သည် သီတင်းပတ် သုံး ပတ်ဆက်တိုက် မြောက်အမေရိ က၏ ၀င်ငွေအကောင်းဆုံးရုပ်ရှင် ဇာတ်ကားအဖြစ် ရပ်တည်လျက် ရှိသည်ဟု Rentrak မီဒီယာ ကုမ္ပ ဏီက ဒီဇင်ဘာ ၇ ရက်တွင် ကြေ ညာသည်။
ဂျနီဖာလောရင့်စ်၊ ဂျို့ရှ် ဟက်ချာဆန်နှင့် လီယမ်ဟမ်းစ် ဝေါ့သ်တို့ အဓိက ပါဝင်သရုပ် ဆောင်ထားသော တတိယ မြောက် The Hunger Games ရုပ်ရှင်ဇာတ်ကားသည် ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အတွင်း ရုံတင်ပြ သငွေ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၆ သန်း ရရှိခဲ့ပြီး ၀င်ငွေအ ကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်လာသည်။
Mockingjay-Part 1 ဇာတ် ကားကို နိုဝင်ဘာ ၂၁ ရက်တွင် မြောက်အမေရိကတိုက်၌ စတင် ရုံတင်ပြသခဲ့ရာ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅၇ ဒသမ ၇ သန်း ရရှိထားပြီး သီတင်းပတ် သုံးပတ်ဆက်တိုက် မြောက်အမေ ရိက၏ ၀င်ငွေအကောင်းဆုံး ရုပ် ရှင်ဇာတ်ကား ဖြစ်ခဲ့သည်။
ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အ တွင်း Mockingjay-Part 1 ဇာတ်ကားပြီးလျှင် Penguine of Madagascar ဇာတ်ကားက ရုံတင်ပြသငွေ ကန်ဒေါ်လာ ၁၁ ဒသမ ၁ သန်းနှင့် ဒုတိယလိုက် နေပြီး Horrible Bosses 2 ဇာတ်ကားက ရုံတင်ပြသငွေ ကန် ဒေါ်လာ ၈ ဒသမ ၆ သန်းနှင့် တတိယနေရာ ရရှိထားသည်။
Mockingjay-Part 1 သည် မြောက်အမေရိကတိုက်၌ ၂၀၁၄ အတွင်း စတုတ္ထမြောက် ၀င်ငွေ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား အဖြစ် သတ်မှတ်ခံရသည်။

No comments:
Post a Comment