အခြေခံပညာ အထက်တန်း ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ Online စနစ်ဖြင့် သင်ခန်းစာများ လေ့လာ သင်ယူနိုင်
အခြေခံပညာ အထက်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် သင်ကြားရေး သင်ခန်းစာ များကို Online စနစ်ဖြင့် ဆရာကြီးများ၏ သင်ကြားမှုကို တိုက်ရိုက် လေ့လာ သင်ယူနိုင်သော Website လွှင့်ထား သည်ဟု ဒေါက်တာ အာကာမိုးသူက ပြောသည်။
အဆိုပါ Website တွင် အခြေခံပညာ အထက်တန်း အဆင့် သင်ရိုးညွှန်းတမ်းများ၊ စာသင်ခန်းတွင် မရနိုင် သော ဆရာကြီးများ၏ ဆောင်းပါးများ၊ ကျောင်းသားများ ဝင်ရောက် လေ့ကျင့်နိုင်သော လေ့ကျင့်ခန်း သင်ခန်းစာ များ ပါဝင်ပြီး မိမိ သင်ကြားလိုသော ဆရာကြီးများ၏ သင်ကြား ပို့ချချက်များကို www.mmcloudschooling.com တွင် လေ့လာ သင်ယူနိုင် ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများ Online မှတစ်ဆင့် သင်ကြားနိုင်သော Website ကို လွန်ခဲ့သော နှစ်မှ စတင်၍ တည်ဆောက်ခဲ့ပြီး လွှင့်တင်ခြင်းသည် ရှစ်လခန့် ရှိသည်။ ယခု အချိန်တွင် BETA Version ဖြင့် လွှင့်တင် ထားခြင်း ဖြစ်ပြီး မှတ်ပုံတင်ထားသူ ၄ဝဝဝ ကျော်ခန့် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် လိုင်းများ နေရာ အနှံ့အပြား ရရှိလာကာ အခြေခံပညာ အထက်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များသည် သင်ခန်းစာများကို အလွယ်တကူ လေ့လာနိုင်မည် ဖြစ်သည်။ ရန်ကုန်မြို့ ရှိကျောင်းသားများ သာမက နယ်များရှိ ကျောင်းသားများပါ လေ့လာနိုင်သော အဆိုပါ Website တွင် ပြည်ပမှ ဆရာကြီးများ၏ သင်ကြားမှုများ ကိုလည်း အင်တာနက်မှ လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment